



Shoon (Cele Daily)

Unicode

ကောင်မလေးကို အံ့သြသွားစေရန်အတွက် နှစ်ပတ်လည်နေ့လေးတွင် အလုပ်သွားလုပ်နေသည့်မြို့မှ ပြန်လာခဲ့ပြီး ကောင်မလေး၏ အခန်းရှေ့တွင် တစ်ညလုံးထိုင်စောင့်သော်လည်း ထွက်တွေ့မခံခဲ့ရ

အချစ်ဆိုသောအရာသည် တစ်ခါတစ်လေတွင် အနားတွင်မရှိပေးနိုင်သည်နှင့် ပျောက်ကွယ်သွားတတ်သော အရာတစ်ခုဟုပင် ထင်မှတ်ရပေသည်။အချစ်စစ်အချစ်မှန်နှင့် မတွေ့ခဲ့ရလျှင် ရေမြေခြားသွားသည်နှင့် ကြေကွဲဖွယ်ဖြင့်သာ အဆုံးသတ်ခဲ့ရပါတယ်။

ယခုတွင်လည်း အမျိုးသားတစ်ဦးသည် သူအလုပ်လုပ်နေသည့် ဟိုချီမင်းမြို့မှ သူအရမ်းချစ်ရသည့် ကောင်မလေးရှိသည့် ဟန်နွိုင်းမြို့ကို ညတွင်းချင်းအပြေးပြန်လာခဲ့တာဖြစ်ပါတယ်။အမျိုးသားဟာ သူတို့၏ နှစ်ပတ်လည်နေ့လေးဖြစ်သောကြောင့် ချစ်သူကောင်မလေးအံ့သြသွားစေရန် ပြန်လာခဲ့ခြင်းဖြစ်ပါတယ်။

သို့သော်လည်း ကောင်မလေးဟာ ချစ်သူကောင်လေးကို လုံးဝထွက်တွေ့ခဲ့ခြင်းမရှိပါဘူး။အမျိုးသားဟာ ညလုံးပေါက်အခန်းရှေ့မှာ ထိုင်စောင့်ပေးခဲ့သော်လည်း လုံးဝထွက်မတွေ့သဖြင့် သူအလုပ်လုပ်သည့် မြို့လေးသို့ ချက်ချင်းပြန်သွားခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment