Shoon (Cele Daily)
Unicode
ဘတ်စ်ကားစီးရင်းဖြင့် အကြည့်ချင်းဆုံ ရင်ခုန်ခဲ့သည့်ကောင်လေးကို ၂နှစ်ကျော်ကြာလိုက်ရှာခဲ့ပြီး ရည်းစားအဖြစ်သိမ်းပိုက်ခဲ့သည့်ကောင်မလေး
ဖူးစားဆုံဖို့ရန်အတွက် ရေစက်ရှိနေခဲ့ပြီဆိုလျှင် တစ်နေ့ကျလျှင် မဖြစ်ဖြစ်တဲ့နညိးနဲ့ ဆုံဆည်းပေးမှာ သေချာပါတယ်။ဇွဲမလျော့ဘဲနဲ့ ကြိုးစားမည်ဆိုပါက အောင်မြင်မှုကို ရရှိနိုင်လိမိ့မည်ဖြစ်ပါတယ်။ယခုတွင်လည်း အသက်၂၄နှစ်အရွယ်Seattle Simsဆိုသည့်ကောင်မလေးသည် ၂၀၁၉ခုနှစ်တွင် ဘတ်စကားစီးရင်းဖြင့် ကောင်လေးတစ်ဦးနှင့် အကြည့်ချင်းဆုံမိခဲ့တာဖြစ်ပါတယ်။
ထိုအချိန် ကောင်လေးက ပြုံးပြလိုက်သောအခါ ရင်ခုန်သွားခဲ့ရတာဖြစ်ပါတယ်။ထို့ကြောင့်ပင် ကောင်မလေးဟာ လိုင်းပေါ်တွင်လည်း ဆိုရှယ်မီဒီယာပေါင်းစုံမှ ရှာဖွေခဲ့တာဖြစ်ပါတယ်။သူမဟာ ကောင်လးကို ၂နှစ်ကျော်သည်အထိရှာဖွေပြီးနောက်တွင် တွေ့ရှိသွားခဲ့ပြီးစကားများပြောဆိုနိုင်ခဲ့ပါတယ်။
ထို့နောက်ချစ်သူများအဖြစ်သို့ရောက်ရှိပြီးနောက်တွင် ကောင်မလေးဟာ အလွန်ပျော်ရွင်နေခဲ့ပြီး သူ၏အဖြစ်အပျက်လေးကို လိုင်းပေါ်မှာကြွားခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)