



Shoon (Cele Daily)

Unicode

ဒီတစ်သက် ချစ်သူမရနိုင်တော့တဲ့အကိုအတွက် ဆိုင်တစ်ခုတွင်တွေ့သော ကောင်မလေးတစ်ဦးထံမှ အကိုအတွက် ဖုန်းနံပါတ်တောင်းပေးခဲ့သည့် ချစ်စဖွယ် ညီငယ်လေး

လူတိုင်းသည် မိမိ၏ဘဝတစ်လျောက်လုံးကို အနားမှ ဖြည့်ဆည်းပေနိုင်မည့် ချစ်သူတစ်ဦးကိုတော့ အလိုရှိတတ်ကြပါတယ်။သို့သော်လည်း အချို့သည် မဖွင့်ပြောရဲခြင် ကြောက်ရွံနေခြင်းတို့ကြောင့် ရည်စားမနိုင်တော့ဘဲ တစ်ကိုယ်တည်းရှိနေတတ်ကြပေသည်။

ယခုတွင်လည်း အမျိုးသားတစ်ဦး၏ ရည်းစားမရှိသော်လည်း မပြောရဲမဆိုရဲဖြစ်နေသည့် အကိုအတွက် ညီလေးကပင် ကြိုးစားပေခဲ့ပါတယ်။ညီအကိုနှစ်ဦးဟာ ကော်ဖီဆိုင်တစ်ခုတွင်ထိုင်နေစဉ် ဘေးစားပွဲတွင် လာထိုင်သော မိန်းမချောလေးကို အကိုက စိတ်ဝင်စားနေခဲ့ပါတယ်။

ထို့ကြောင့် ညီလေးဖြစ်သူဟာ အကိုဖြစ်သူ၏ဖုန်းကိုယူဆောင်ပြီး ကောင်မလေးထံမှ ဖုန်းနံပါတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။ ကောင်မလေးဟာလည်း ကလေး၏ အပြုအမူကို သဘောကျနေခဲ့ပြီး မပေးဘူးလို့ စနောက်ခဲ့ပါတယ်။ထိုအခါ ကလေးက မပေးရင် အကိုကပြန်မလာနဲ့လို့ မှာလိုက်ကြောင်း ပြန်ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့ ကောင်လေးကို ဖုန်းနံပါတ်ပေးလိုက်တယ်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment