



Shoon (Cele Daily)

Unicode

သူမကို လာနှုတ်ဆက်သည့်ကောင်လေးမှာ နှစ်ပေါင်းများစွာ နိုင်ငံခြားသို့ အလုပ်သွားလုပ်နေသော သားလေးဖြစ်မှန်းသိလိုက်သောအခါ သားကိုဖက်ကာ အားရပါးရအော်ငိုခဲ့သည့်မိခင်

ရေမြေခြားအဝေးတစ်နေရာတွင် အလုပ်သွားလုပ်နေကြရသူတို့သည် မိဘတို့နှင့် ခွဲခွာနေရသော ခံစားချက်ကို ပိုမိုခံစားနားလည်မိလိမ့်မည်ဟု ထင်မှတ်မိပေသည်။မိဘများကလည်း အဝေးတွင်အလုပ်သွားလုပ်သည့် သားငမီးလေးတွေကို နေ့းစဥ်သတိရကာ လုပ်ငန်းများအဆင်ပြေစေရန် အမြဲဆုတောင်းပေးနေတတ်ပါတယ်။

ယခုတွင်လည်း မိခင်တစ်ဦးဟာ အိမ်ထဲတွင်ရှိနေစဥ် လူငယ်တစ်ဦးမှာ နေအိမ်သို့ဝင်လာခဲ့သောကြောင့် ဘယ်သူလဲဆိုကာကို သိရှိစေရန် သေချာကြည့်နေခဲ့ပါတယ်။ကောင်လေးဟာ နှုတ်ဆက်နေသော်လည်း မိခင်ကချက်ချင်းမမှတ်မိခဲ့ဘဲ ကြည့်နေခဲ့ပါသေးတယ်။ထို့နောက်မှ ကောင်လေးဟာ ဂျပန်နိုင်ငံတွင် နှစ်အတော်ကြာ အလုပ်သွားလုပ်နေသော သားငယ်လေးပြန်လာတာဖြစ်ကြောင်းသိလိုက်ရသောအခါ ချက်ချင်းပင် သားလေးကိုဖက်ခဲ့ပြီး အော်ငိုနေခဲ့ပါတော့တယ်။

မိခင်ဟာ သားလေးကို ဘယ်လောက်တောင်လွမ်းဆွတ်နေလိမ့်မည်ဆိုတာကို ကြည့်တာနဲ့ သိနေခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment