Shoon (Cele Daily)
Unicode
ချစ်သူ၏ သုံးယောက်ပြိုင်တွဲခြင်းကို ခ့ခဲ့ရသော်လည်း မိန်းကလေးအချင်းချင်း ရန်မဖြစ်သည့်အပြင် သုံးယောက်မိတ်ဆွေဖွဲ့ကာ ကားတစ်စီးဝယ်ပြီး နိုင်ငံအနှံခရီးသွားခဲ့ကြသည့်အဖြစ်
အချစ်ဆိုသောအရာကို လူသားတိုင်းသည် တစ်ဦးတစ်ယောက်တည်းကိုသာ ပိုင်ဆိုင်လိုကြပြီး နောက်ထပ်လူတစ်ယောက်ပေါ်လာခဲ့ပါက အချစ်ရေးသည် ပျော်ရွင်စရာကောင်းနိုင်တော့မည်မဟုတ်ပေ။ယခုတွင်လည်း Bekah King၊Abi Robertsနှင့် Morgan Taborတို့ကောင်မလေးသုံးဦးသည် အစပိုင်းက တစ်ဦးနှင့်တစ်ဦးခင်မင်ရင်းနှီးသူများမဟုတ်ကြပေ။
သူတို့သုံးဦးလုံး၏ ရည်းစားဖြစ်သူဟာ ကောင်လေးတစ်ယောက်တည်းဖြစ်နေခဲ့ပြီး ချစ်သူကောင်လေး၏ ပြိုင်တွဲခြင်းကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။ထို့ကြောင့် သူတို့သုံးဦးဟာ ပြိုင်တွဲခံခဲ့ရသည်ကို သိရှိပြီးနောက်တွင် တစ်ဦးနှင့်တစ်ဦး မုန်းတီးနေမည့်အစား မိတ်ဆွေဖွဲ့ရန်ဆုံးဖြတ်ခဲ့ကြတာဖြသ်ပါတယ်။
ထို့နောက်တွင် သုံးယောက်သားပိုက်ဆံစုပေါင်းပြီး ဘတ်စ်ကားတစ်စီးကို ဝယ်ယူကာ ကားတစ်စီးလုံးကို ပြုပြင်ခဲ့ပြီး အမေရိကန်နိုင်ငံအနှံကို ခရီးသွားလည်ပတ်ခဲ့ကြပါတယ်။ကောင်လေးကိုတော့ သုံးယောက်လုံးက လမ်းခွဲလိုက်သိဟုလည်း အချို့ကဆိုနေကြပါတယ်။
Shoon (Cele Daily)