



Shoon (Cele Daily)

Unicode

စိတ်ဆိုးဒေါသထွက်ကာ နေအိမ်မှထွက်သွားသည့်ခင်ပွန်းမှ ဖုန်းဆက်လာသောကြောင့် ကွာရှင်းရန်အတွက်ဟုထင်ခဲ့သော်လည်း အမှန်တကယ်မှာ နို့ကော်ဖီထွက်ဝယ်ပေးခြင်းဖြစ်နေခဲ့

လူသားတိုင်းသည် မိမိတို့၏ အိမ်ထောင်ဖက်များထံမှ ကောင်းမွန်သောအရာများကို သာမျှော်လင့်တတ်ကြပြီး တစ်ခါတစ်လေ စိတ်အခန့်မသင့်သည့် အချိန်မျိုးလည်း ကြုံလာရတတ်ပေသည်။အကယ်၍ ဇနီးကောင်းခင်ပွန်းကောင်းကို ရရှိခဲ့လျှင် စိတ်ညစ်ရမည့်အချိန်သည် ပျော်ရွင်စရာ အဖြစ်မျိုးသို့ ရောက်ရှိသွားနိုင်ပေသည်။

ယခုတွင်လည်း ဗီယက်နမ်မှ ကောင်မလေးတစ်ဦးသည် သူမ၏ ခင်ပွန်းနှင့်ပတ်သတ်သည့် အကြောင်းအရာလေးကို ရင်ဖွင့်လာခဲ့ပါတယ်။သူတို့လင်မယားနှစ်ဦးဟာ ညတစ်ညတွင် စကားအကြီးအကျယ်များကြပြီး ခင်ပွန်းသည်က နေအိမ်မှ ထွက်သွားခဲ့ပါတယ်။

ထိုအခါကောင်မလေးဟာလည်း အခန်းထဲတွင် ဒီလိုယောကျာ်းကို ယူမိခဲ့သည်ဟုဆိုကာ ဝမ်းနည်းငိုကြွေးနေခဲ့ပါတယ်။ထိုစဥ်ခင်ပွန်းမှ ဖုန်းဆက်လာသောကြောင့် ကွာရှင်းတော့မည်ဟု ထင်မှတ်ခဲ့သော်လည်း ကော်ဖီဘာအရသာကြိုက်လဲဟု မေးလာသောအသံကို ကြားလိုက်ရပါတယ်။ကောင်မလေးဟာလည်း ငိုနေခဲ့ပြီး မဖြေနိုင်ဖြစ်နေသောကြောင့် ခင်ပွန်းသည်ဟာ နို့ကော်ဖီအရသာကို ၁၀မျိုးတိတိဝယ်လာပေးခဲ့တယ်ဟုဆိုပါတယ်။ကောင်မလေးဟာ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားတယ်ဟု ဆိုရမှာပါ။

Shoon (Cele Daily)

  • Leave a Comment