



Shoon (Cele Daily)

Unicode

ကလေးနှစ်ယောက်နှင့် ပေစုတ်နေသောကြောင့် ဝေဖန်လှောင်ပြောင်ကြသည့် သူငယ်ချင်းများကို သူမဘယ်လောက်လှလဲဆိုတာ သိအောင်ပြသခဲ့သူ

အိမ်ထောင်ရှင်လူတစ်ဦး လူပျိုလူလွတ်တစ်ဦးတို့သည်ကား များစွာကွာခြားမှုများရှိနေခဲ့ပြီဖြစ်လေသည်။လူပျိုတစ်ဦး၏ အပူအပင်ထက် အိမ်ထောင်ရှင်တစ်ဦး၏ အပူအပင်က လွန်စွာများပြားလှပေသည်။ ယခုတွင်လည်း အသက်၃၈နှစ်အရွယ် Huyen ဆိုသည့် အိမ်ထောင်ရှင်အမျိုးသမီး၏ အကြောင်းကို ဖော်ပြချင်ပါတယ်။

သူမဟာ ရုပ်ရည်အလွန်ချောမောလှပသူ မဟုတ်ခဲ့သော်လည်း သားသမီးနှစ်ယောက်နှင့်အတူ ဘဝကိုပျော်ရွင်အောင် ဖြတ်သန်းနေခဲ့သူဖြစ်ပါတယ်။ကလေးနှစ်ယောက်နှင့်ဖြစ်သည့်အတွက် သူမဟာ ပိုက်ဆံများကို ခြွေတာခဲ့ပြီး ကိုယ်တိုင် အဝတ်အစားများအတွက်ပင် မဝယ်ယူဘဲ နေထိုင်ခဲ့ပါတယ်။

ထို့ကြောင့် သူငယ်ချင်းများဟာ သူမ၏ စုတ်ပျက်နေသောပုံစံကို ကြည့်ရှူပြီး အမျိုးမျိုးဝေဖန်လှောင်ပြောင်ခဲ့ကြပါတယ်။သူမဟာလည်း ကလေးများအသက်အနည်းငယ်ကြီးလာသောအခါ အလှများကို ပြန်လည်ပြုပြင်ခဲ့ပြီး လှပသော အဝတ်အစားများဖြင့် သူငယ်ချင်းများ၏ ပါးစပ်ကို နှုတ်ဆိတ်စေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment