



Shoon (Cele Daily)

Unicode

နေ့လည်နေပူပူတွင် ကားလမ်းပိတ်နေသောကြောင့် စိတ်ညစ်ပြီး မြစ်ထဲခုန်ချ၍ ရေချိုးခဲ့သည့်အမျိုးသား သေမလိုဖြစ်ခဲ့လို့ အရေးပေါ်ကယ်ဆယ်ပေးခဲ့ရ

အမေရိကန်နိုင်ငံ၏ လူဝီဇီးယာနှင့် ဖလော်ရီဒါပြည်နယ်တို့ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီးပေါ်ရှိ မြစ်တစ်ခုပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။အဝေးပြေးလမ်းမ၏ မြစ်ကူးတံတားပေါ်တွင် တစ်ရက်က ရုတ်တရက်လမ်းကြောပိတ်ဆို့မှုဖြစ်ပွားသွားခဲ့ပါတယ်။ထိုယာဥ်ကြောပိတ်ဆို့မှုကြာနေ့လည်အချိန်တွင်၂နာရီကျော်ကြာအောင် ပိတ်နေခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် အမျိုးသားတစ်ဦးဟာ နေအလွန်ပူအိုက်နေသည့်အတွက် စိတ်ညစ်လာခဲ့ပါတယ်။စိတ်ညစ်လာသောကြောင့် ပျော်ပျော်နေရန်စဥ်းစားနေခဲ့ပြီး မြစ်ထဲခုန်ချပြီး ရေချိုးရန် စိတ်ကူးရန်ခဲ့ပါတယ်။စိတ်ကူးထဲကအတိုင်းပင် လုပ်ခဲ့သောကို မြစ်ရေမှာ အလွန်အစီးသန်နေခဲ့သောကြောင့် အမျိုးသားဟာ ဒုက္ခရောက်နေခဲ့ရပါတယ်။

ထို့ကြောင့်ပင် ကယ်ဆယ်ရေးအဖွဲ့ကို အရေးပေါ်အကြောင်းကြားခဲ့ရပြီး ကယ်ဆယ်ခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment