



Shoon (Cele Daily)

Unicode

မိမိအိမ်ဝိုင်းထဲရှိ သစ်ပင်လေးပေါ်တွင် နေအိမ်ငယ်လေးဆောက်လုပ်ထားသော်လည်း စည်ပင်က ဖျက်ပစ်ရန် အမိန့်ပေးလာသောကြောင့် ဝမ်းနည်းနေကြသည့် ညီအကို၃ယောက်

လူတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်အတူ ပျော်ရွင်စွာနေထိုင်နိုင်သည်ဟုဆိုသော်လည်း ပတ်ဝန်းကျင်အတွက် အနှောက်အယှက်မဖြစ်အောင် နေထိုင်ရပေမည်။ယခုဖြစ်ပွားခဲ့သော ဖြစ်ရပ်တွင်လည်း မည်သူမှန်သည်မှားသည်ဆိုတာ မပြောချင်တော့ပေ။

အသက်၄၀အရွယ်ရှိပြီဖြစ်ငည့် ဖခင်တစ်ဦးဟာ အသက်၁၁နှစ်အရွယ် ကိုးနှစ်အရွယ်နှင့် ၅နှစ်အရွယ် သားသုံးဦးအတွက် အပန်းဖြေနိုင်ရန် ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။အားလပ်ရပ်များတွင် အေးချမ်းစွာနေထိုင်ရန်ဟုဆိုကာ အိမ်ဝိုင်းထဲရှိ သစ်ပင်လေးပေါ်တွင် နေအိမ်ငယ်လေးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း စည်ပင်မှ အန္တရာယ်ရှိနိုင်သည်ဟုဆိုကာ အိမ်ကလေးအား ၁၄ရက်အတွင်း ဖျက်ပေးရန် အမိန့်ပေးခဲ့ပါတယ်။ထို့ကြောင့် ကလေးငယ်၃ဦးတို့ဟာ အလွန်ဝမ်းနည်းပြီး ငိုနေခဲ့ကြတယ်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment