



Shoon (Cele Daily)

Unicode

နေအိမ်တွင် သက်သာစွာဖြင့် ထိုင်စားနေသည်ဟုပြောသော ခင်ပွန်းဖြစ်သူကို အိမ်အလုပ်ဘယ်လောက်ပင်ပန်းလဲသိအောင် ဗီဒီယိုရိုက်ပြီး အလုပ်လုပ်ပြခဲ့သည့်အမျိုးသမီး

အိမ်တွင်နေပြီး ကလေးကိုပြုစုပျိုးထောင်းခြင်းသည် အပြင်သို့သွားပြီး အလုပ်လုပ်ရခြင်းထက် ပိုမိုသက်တော့သက်သာရှိသော အလုပ်ဖြစ်သည်ဟု ယောကျာ်းလေးအများစုတို့ကထင်တတ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ နေအိမ်တွင် ကလေးများကို ပြုစုပျိုးထောင်ရခြင်း၏ ပင်ပန်းမှုကို အိမ်ရှင်မများသာ ခံစားသိလိမ့်မည်ဖြစ်ပေသည်။ယခုတွင်လည်း အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ၏ နေအိမ်တွင် ပင်ပန်းခြင်းမရှိဘဲ အေးဆေးနေရသည်ဆိုသည့်စကားကို မခံချင်အောင် စိတ်တိုသွားခဲ့ရသည်။

ထို့ကြောင့်ပင် သူမ၏ တစ်နေ့တာလုပ်ဆောင်ရသည့် အိမ်အလုပ်များကို ဗီဒီယိုရိုက်ကူထားပြီး သူမ၏ အလုပ်ရှုပ်ပင်ပန်းနေရမှုတွေကို ခင်ပွန်းသိအောင် ပေါက်ကွဲသွားခဲ့ပါတယ်။အမှန်တကယ်တွင်လည်း မိခင်တို့သည် အိမ်မှုကိစ္စတစ်ဖက် ကလေးတစ်ဖက်နှင့် နားချိန်မရှိအောင် ပင်ပန်းနေကြရသူများဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment