



Shoon (Cele Daily)

Unicode

မနက်စောစောတွင် လည်ပင်း၌ သိုးမွေးမာဖလာပတ်ပြီး ဆိုင်ကယ်စီးနေသည်ဟုထင်မှတ်ခဲ့သော်လည်း ခေါင်းထောင်လာမှ ကြောင်ဖြစ်နေမှန်း သိခဲ့ရသည့်အဖြစ်

ကျွန်ုပ်တို့လူသားတို့ဟာ သဘာဝ၏ ရာသီဥတုအခြေအနေကိုလိုက်ပြီး ဝတ်စားဆင်ယင်နေထိုင်မှုများကို ပြောင်းလဲဝတ်ဆင်လာခဲ့ကြရပါတယ်။ထိုမှသာ ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်လာမည့်ဖျားနာမှုများကို ကာကွယ်နိုင်မည်ဖြစ်ပေသည်။

ယခုတွင်လည်း လူတစ်ဦးဟာ မနက်စောစောအချိန်တွင် ဆိုင်ကယ်မောင်းနေရင်းဖြင့် ရာသီဥတုအေးနေမှုကြောင့် သိုးမွေးပုဝါကို လည်ပင်းတွင် ပတ်ထားသည်ဟု ထင်မှတ်နေခဲ့ကြပါတယ်။ သိုးမွေးပုဝါမှာလည်း ထူးဆန်းနေသောကြောင့် အနီးကပ်ကြည့်လိုက်သောအခါမှ ကြောင်တစ်ကောင်ဖြစ်နေခဲ့ပြီး အံ့သြနေခဲ့ရပါတယ်။သူဟာကြောင်လေးတွေကိုများစွာလည်းမွေးမြူထားပါသေးတယ်။

ထိုလူဟာ အမြဲတမ်းပင် အပြင်သွားပြီဆိုလျှင် သူအရမ်းချစ်ရတဲ့ကြောင်ကလေးတွေကို လည်ပင်းတွင်တင်ကာ ဘယ်နေရာသွားသွားခေါ်ဆောင်သွားတတ်သည်ဟုလည်း သိခဲ့ကပါတယ်။ကြောင်ကလေးဟာလည်း သခင်ဖြစ်သူ၏ ပုခုံးပေါ်တွင် ငြိမ်ပြီးဆိုင်ကယ်စီးလိုက်ပါသွားတာကို မြင်တွေ့နေခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment