Shoon (Cele Daily)
Unicode
လူမျက်နှာပုံကြီး မြို့လယ်ကောင်တွင် ရုတ်တရက်ပေါ်လာသောကြောင့် တစ်မြို့လုံးလန့်သွားခဲ့ရပြီး နောက်မှမိုးပျံပူဖောင်းဖြစ်နေမှန်းသိခဲ့ရသည့်အဖြစ်
စာဖတ်သူတို့အနေဖြင့် နေထိုသည့်မြို့တွင် ရုတ်တရက်ထူးဆန်းသည့်အရာတစ်ခုပေါ်လာမည်ဆိုပါက မည်သို့ဖြစ်သွားနိုင်ပါသနည်း။ပုံမှန်အားဖြင့် အသည်းငယ်သူတစ်ဦးဆိုလျှင် မြင်လိုက်သည်နှင့် ထိတ်လန့်ဖွယ်အရာကို မြင်လိုက်သည်နှင့် အတော်လေးဂယောက်ခြောက်ခြားဖြစ်သွားစေမှာသေချာပါတယ်။
ယခုတွင်လည်း ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဖြစ်ပွားခဲ့သော လူမျက်နှာကြီးတစ်ခုပေါ်လာခဲ့မှုဟာ တစ်မြိုလုံးကို ဂယက်ထသွားစေခဲ့ရပါတယ်။ရုတ်တရက်ပေါ်လာခြင်းဖြစ်သည့်အတွက် လူအများဟာ လန့်သွားခဲ့ရပြီး အချို့ကလည်း ချက်ချင်းပင် ပြေးလွှားကြည့်ရှုခဲ့ကြပြီး အဖြေမှန်ကိုတော့ သိရှိသွားခဲ့ရပါတယ်။
အမှန်တကယ်မှာ ဂျပန်နိုင်ငံမှ အနုပညာရှင်များ ပူးပေါင်းဖန်တီးထားတဲ့ လူမျက်နှာပုံစံ မိုးပျံပူဖောင်းကို လွင့်တင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။
Shoon (Cele Daily)