



Shoon (Cele Daily)

Unicode

ရှားပါးလှသော အိပ်စက်ခြင်းရောဂါကို ခံစားနေရသောကြောင့် တစ်ခါအိပ်လျှင် ၂၅ရက်ကြာတတ်ပြီး တစ်နှစ်လျှင် ရက်ပေါင်း၃၀၀အိပ်စက်နေရသည့် အမျိုးသား

သာမန်အားဖြင့် လူတစ်ယောက်ဟာ နေ့စဥ်အိပ်စက်ရန်အတွက် အနည်းဆုံး၈နာရီမျှကြာအောင် လိုအပ်သည်ဟု ကျန်းမားရေးနည်းလမ်းအရဆိုထားခဲ့ပါတယ်။သို့သော်လည်း တစ်ခါအိပ်လျှင် ရက်၂၀မှ ၂၅ရက်အထိကြာအောင် အိပ်နိုင်သည့်လူရှိလိမ့်မည်ဟု လူတိုင်းသည် စိတ်ကူးထဲတွင်ပင် တွေ့မိလိမ့်မည်မဟုတ်ပေ။

ယခုတွင် အိန္ဒိယနိုင်ငံမှ အသက်၄၂နှစ်အရွယ်အမျိုးသားတစ်ဦးသည် တစ်ခါအိပ်လျှင် ရက်ပေါင်း၂၅ရက်အထိကြာပြီး နှစ်စဥ်နှစ်တိုင်းကို ၃၀၀ရက်အိပ်စက်ပြီး ဖြတ်သန်းနေရတာဖြစ်ပါတယ်။သူဟာ ၂၃နှစ်အရွယ်မှစပြီး ရှားရှားပါးပါး အိပ်စက်ခြင်းရောဂါကို ခံစားလာခဲ့ရတာဖြစ်ပြီး သူ၏ ကျန်းမာရေးနှင့် လူနေမှုဘဝတို့ကို ထိခိုက်လာခဲ့ရတာလည်းဖြသ်ပါတယ်။

သူဟာ ရောဂါကို စတင်ခံစားရချိန်က တစ်ခါအိပ်လျှင် ၇ရက်မျှသာကြာသော်လည်း ကြာလာသောအခါ ပိုပိုပြီး အိပ်ချိန်များလာတာဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment