ဂိမ္းထဲတြင္ skinမဲႏႈိက္ရာ၌ လိုခ်င္သည့္skinရရွိလိုေသာေၾကာင့္ မိခင္ျဖစ္သူကို လာကန္ေတာ့ေနခဲ့သည့္ ကေလးငယ္၏ ခ်စ္စဖြယ္အမူအရာေလး

ဂိမ္းေဆာ့ေနၾကသည့္ ကေလးလူႀကီးအ႐ြယ္မေ႐ြးတို႔သည္ ဂိမ္းထဲမွ မဲေဖာက္ေပးေသာ ကံစမ္းမဲမ်ားတြင္ လိုခ်င္သည့္ အရာမ်ားကို စိတ္ထဲမွေမွ်ာ္မွန္းၿပီး မဲႏႈိက္တတ္ၾကေပသည္။သို႔ေသာ္လည္း လူတိုင္းဟာ လိုခ်င္သည့္အရာကို မရရွိတတ္ၾကတာကမ်ားေနခဲ့ပါတယ္။

ယခုတြင္လည္း ကေလးငယ္တစ္ဦး၏ လိုခ်င္ေသာ skinရရွိေစရန္အတြက္ အေကာင္းဆုံးေသာ ႀကိဳးပမ္းမႈသည္ ျမင္ေတြ႕သူမ်ားအားလုံးကို ရယ္ေမာေပ်ာ္႐ြင္ေစခဲ့ရပါတယ္။ကေလးငယ္ေလးဟာ လိုခ်င္ရဖို႔အတြက္ ကံကမၼာေတြေကာင္းမြန္လိုအပ္ေသာေၾကာင့္ ကုသိုလ္ေကာင္းမႈလုပ္ရမည္ဆိုတာကို သိေနခဲ့ပုံရပါတယ္။

မဲမႏႈက္ခင္အခ်ိန္ေလးတြင္ မိခင္ဆီသို႔အေျပးလာၿပီး ကန္ေတာ့ကာ ပစ္မွားမိသည္မ်ားကို ခြင့္လြတ္ေပးရန္ေတာင္းပန္ရင္း လိုခ်င္သည့္ဆုမ်ားေတာင္းေနခဲ့ပါတယ္။

Shoon (Cele Daily)

Unicode

ဂိမ်းထဲတွင် skinမဲနှိုက်ရာ၌ လိုချင်သည့်skinရရှိလိုသောကြောင့် မိခင်ဖြစ်သူကို လာကန်တော့နေခဲ့သည့် ကလေးငယ်၏ ချစ်စဖွယ်အမူအရာလေး

ဂိမ်းဆော့နေကြသည့် ကလေးလူကြီးအရွယ်မရွေးတို့သည် ဂိမ်းထဲမှ မဲဖောက်ပေးသော ကံစမ်းမဲများတွင် လိုချင်သည့် အရာများကို စိတ်ထဲမှမျှော်မှန်းပြီး မဲနှိုက်တတ်ကြပေသည်။သို့သော်လည်း လူတိုင်းဟာ လိုချင်သည့်အရာကို မရရှိတတ်ကြတာကများနေခဲ့ပါတယ်။

ယခုတွင်လည်း ကလေးငယ်တစ်ဦး၏ လိုချင်သော skinရရှိစေရန်အတွက် အကောင်းဆုံးသော ကြိုးပမ်းမှုသည် မြင်တွေ့သူများအားလုံးကို ရယ်မောပျော်ရွင်စေခဲ့ရပါတယ်။ကလေးငယ်လေးဟာ လိုချင်ရဖို့အတွက် ကံကမ္မာတွေကောင်းမွန်လိုအပ်သောကြောင့် ကုသိုလ်ကောင်းမှုလုပ်ရမည်ဆိုတာကို သိနေခဲ့ပုံရပါတယ်။

မဲမနှုက်ခင်အချိန်လေးတွင် မိခင်ဆီသို့အပြေးလာပြီး ကန်တော့ကာ ပစ်မှားမိသည်များကို ခွင့်လွတ်ပေးရန်တောင်းပန်ရင်း လိုချင်သည့်ဆုများတောင်းနေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment