



Shoon (Cele Daily)

Unicode

စွန့်စားဓာတ်ပုံများကို ရိုက်ကူးရတာ ဝါသနာပါသည့် အသက်၁၉နှစ်အရွယ်ကောင်မလေး ရေတံခွန်ပေါ်တွင် ဓာတ်ပုံရိုက်နေစဥ် ပြုတ်ကျသေဆုံးသွားခဲ့ရ

ယခုကောင်မလေးဟာတော့ အသက်၁၉နှစ်အရွယ်သာရှိသေးတဲ့ နာမည်ကြီး အင်စတာဂရမ်စတားလေးတစ်ဦးဖြစ်ပါတယ်။သူမဟာ အင်စတာဂရမ်တွင်အလွန်နာမည်ကြီးနေသည့်ကောင်မလေးတစ်ဦးဖြစ်သည့်အပြင် ကောင်လေးတို့၏ အသည်းစွဲလည်းဖြစ်ပါတယ်။ကောင်မလေးဟာ စွန့်စွန့်စားစားရိုက်ရသော ဓာတ်ပုံလေးတွေကို အလွန်သဘောကျသူတစ်ဦးဖြစ်ပြီး ထိုဓာတ်ပုံကြောင့်ပင် နာမည်ကြီးလာခြင်းလည်းဖြစ်ပါတယ်။

သူမဟာ ယခုတွင်လည်း သူငယ်ချင်းဖြစ်သူသုံးဦးနှင့်အတူ ရေတံခွန်သို့သွားရောက်ပြီး ဓာတ်ပုံများကို ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ထိုအချိန်တွင် ကောင်မလေးနှင့် သူငယ်ချင်းတစ်ဦးတို့ဟာ ပြုတ်ကျပြီး ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့်လည်း ကယ်ဆယ်ရေးအဖွဲ့များဟာ ကြိုးစားရှာဖွေပေးခဲ့ရခြင်းဖြစ်ပြီး ရေတံခွန်ဟာ ၁၅ပေခန့်သာ အမြင့်ရှိတယ်ဟုလည်း သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment