



Shoon (Cele Daily)

Unicode

တိရိစ္ဆာန်လေးတွေအတွက် နေစရာနေရာတစ်ခုရရှိစေရန် နှစ်၂၀ကြာအောင် သစ်ပင်များကို စိုက်ပျိုးပြီး သစ်တောတစ်ခုဖန်တီးပေးခဲ့တဲ့ ဇနီးမောင်နှံ

ကမ္ဘာမြေကြီးဟာ နှစ်စဥ်သစ်တော ဧကပေါင်း ၁၈သန်းခန့်ဆုံးရှုံးနေရပြီး ထိုအကျယ်ပမာဏဟာ ပနားမားနိုင်ငံ၏ ဧရိယာအကျယ်နှင့် အတူတူပင်ဖြစ်ပေသည်။သစ်တောပြုန်းတီးမှုများကြောင့် လူသားတို့အတွက် ရာသီဥတုဖော်ပြန်မှုများနှင့်အတူ ဆိုးရွားသော အကျိုးဆက်များကို ခံစားလာကြရသည်။ထို့အပြင် တိရိစ္ဆာန်လေးများအတွက်မူ နေစရာ နေရာပါပျောက်ကွယ်လာပြီး တိရိစ္ဆာန်အချို့ဆိုလျှင် မျိုးတုံးပျောက်ကွယ်လာကြခြင်းဖြစ်ပေသည်။

ထို့ကြောင့် ဘရာဇီးနိုင်ငံမှ လင်မယားနှစ်ဦးဟာ တိရိစ္ဆာန်လေးများအတွက် နေထိုင်ကျက်စားရာနေရာတစ်ခုတိုးလာစေရန်အတွက် ကြီးမားလှသော နေရာကြီးတစ်ခုကို သစ်တောအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

သူတို့ဟာ သစ်တောကြီးဖြစ်ပေါ်လာစေရန်အတွက် ၂၀၀၀ခုနှစ်မှစပြီး နှစ်ပေါင်းနှစ်ဆယ်ကြာအောင် အပင်တွေကို စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment