



Shoon (Cele Daily)

Unicode

အချစ်စစ်တွင် ရုပ်ရည်လှပမှုသည်အရေးမပါကြောင်းကို မိန်းမချောလေးအား တွဲပြပြီး သက်သေပြခဲ့သည့် ပေါင်၂၇၀ရှိသောကောင်လေး

အချစ်စစ်နှင့် ချစ်သူတို့တွင် လိုအပ်ချက်ဟူ၍ ရှိနေလိမ့်မည့်မဟုတ်ဘူး။အချစ်ကြောင့်ပင် အားနည်းချက်ရှိသောအရာများသည် အားလုံးပျောက်ကွယ်သွားခဲ့ရပေသည်။လူ့ပတ်ဝန်းကျင် အဖွဲ့အစည်းများကသာလျှင် ရုပ်ဆင်းအင်္ဂါနှင့်ပတ်သတ်၍ ကဲ့ရဲ့လှောင်ပြောင်မှုများကို ပြုလုပ်ပေလိမ့်မည်။အချစ်တွင်တော့ အရာရာပျော်ရွင်မှုတို့ဖြင့်သာ ရှိနေလိမ့်ပေမည်။

ယခုတွင်လည်း ပေါင်ချိန် ၂၇၀အထိရှိသော ကောင်လေးတစ်ဦးသည် ကံကောင်းစွာဖြင့် စစ်မှန်သော အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ထိုအမျိုးသားဟာ ထိုင်းနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး လူအများကတော့ ရုပ်ဆိုးသော လူအဖြစ်သာ မြင်တွေ့ခဲ့ကြသည်။သို့သော်လည်း သူ့အား အလွန်ပင်ချစ်မြတ်နိုးသော ကောင်မလေးတစ်ဦးကိုတော့ ရှာဖွေနိုင်ခဲ့ပါတယ်။

သူ၏ကောင်မလေးဖြစ်သူနှင့် ခင်မင်လာခဲ့သည်မှာ ၁၀နှစ်ကျော်လာခဲ့ပြီးနောက်တွင် လက်ထပ်ယူခဲ့ကြပြီး ယခုအခါတွင်း သားသမီးနှစ်ဦးနှင့်အတူ ဘဝကို ပျော်ရွင်စွာ ဖြတ်သန်းလျက်ရှိနေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment