



Shoon (Cele Daily)

Unicode

ဒေါ်လာ၁၅၀၀တန်ကြေးရှိသော ရွေထည်များကို ခိုးယူပြီး ကစားဝိုင်းတွင် သွားရောက်ဖြုန်းတီးခဲ့သည့် အသက်၈နှစ်အရွယ်ကောင်လေး အဖမ်းခံခဲ့ရ

အသက်၈နှစ်အရွယ်သာရှိသေးသည့် ဗီယက်နမ်မှ ကလေးငယ်၏ အပြုအမူများကတော့ တစ်နိုင်ငံလုံးရှိ လူများအားလုံးကို မျက်လုံးပြူးသွားစေခဲ့ရပါတယ်။ကလေးငယ်လေးဟာ နေအိမ်တစ်ခုမှ VDNသန်း၂၀၀ရှိ ရွှေထည်ပစ္စည်းများကို ခိုးယူသွားခဲ့တာဖြစ်ပါတယ်။သူဟာခိုးယူလို့ ရသမျှကို VDN 16သန်းဖြင့် လူတစ်ဦးထံတွင်ရောင်းချခဲ့ပါတယ်။

ထို့နောက်တွင် ရရှိလာသော ပိုက်ဆံအားလုံးကို လောင်းကစားဝိုင်းတွင် သွားရောက်ဆော့ကစားခဲ့ပြီး ရှုံးလာခဲ့တာဖြစ်ပါတယ်။ထိုအချိန်တွင် မိဘတို့ရှိသည့် တည်းခိုခန်းသို့ ပြန်လာစဥ် ရဲများက စောင့်ကာဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

ကလေးငယ်ကိုယ်တိုင်ဟာလည်း သူ၏ ပြစ်မှုများကို အကုန်ဝန်ခံခဲ့တာဖြစ်ပါတယ်။ကလေးငယ်၏ ဖခင်ဖြစ်သူမှာလည်း ပစ္စည်းခိုးမှုဖြင့် ထောင်ကျနေသူတစ်ဦးလည်းဖြစ်တယ်ဟု သိရှိခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment