Shoon (Cele Daily)
Unicode
လူကြီးတစ်ယောက်လို သွက်သွက်လက်လက်ဖြင့် မိခင်၏အလုပ်များကို ဝိုင်းကူလုပ်ပေးနေသည့် အသက်၃နှစ်အရွယ် ချစ်စဖွယ်ကလေးကြောင့် မိဘများပါ နာမည်ကောင်းရခဲ့
ယခုအချိန်တွင် တရုတ်နိုင်ငံ၏ လူမှုဆက်သွယ်ရေးကွန်ယက်များပေါ်တွင် အသက်၃နှစ်အရွယ်ကေလးငယ်တစ်ဦး မိခင်ကို ကူလုပ်နေသည့် ပုံရိပ်များဟာ ပျံနှံလာခဲ့ပါတယ်။ကလေးငယ်၏ မိသားစုဟာ လမ်းဘေတစ်နေရာတွင် စားသောက်ဆိုင်လေးဖွင့်ပြီး စီးပွားရေးလုပ်နေသူဖြစ်ပါတယ်။တစ်ခါတစ်ရံတွင် ဆိုင်လေးဟာ လူအရမ်းများပြီး မိခင်ဖြစ်သူမှ စားပွဲများအား ရှင်းလင်းရန် အချိန်မရသည့် အခါမျိုးတွင် ကလေးလေးဟာ စားပွဲမျာကို သိမ်းကူပေးတာဖြစ်ပါတယ်။
ကလေးငယ်၏ ချစ်စရာပုံရိပ်လေးနှင့် အလုပ်လုပ်နေသည့် ပုံစံတို့ကြောင့် လူအများက သတိထားမိလာခဲ့ပြီး ချစ်ခြင်းကို ခံလာခဲ့ရပါတယ်။လိုင်းပေါ်တွင် တွေ့ရှိသူများဟာ ကလေးငယ်လေးကို ယခုလို သွန်သင်ပေးနိုင်တဲ့ မိဘများကို အလွန်လေးစားဖို့ကောင်းကြောင်းနှင့် လူတစ်ဦး၏ အခြေခံအကျဆုံးအလုပ်မျာကို သင်ပြပေးထားနိုင်တာဟာ ကလေးငယ်၏ အနာဂတ်အတွက်ပဲဟု ဆိုခဲ့ပါတယ်။
Shoon (Cele Daily)