ေစ်းဝယ္ထြက္စဥ္ မိခင္ျဖစ္သူဟာ အစာအိမ္နာၿပီး ႐ုတ္တရက္လဲက်သြားေသာေၾကာင့္ လမ္းေပၚတြင္သြားေနေသာ ကားတစ္စီးကို ကူညီေပးပါရန္ ဒူးေထာက္ေတာင္းပန္ခဲ့သည့္ ကေလး

လူသားတိုင္းသည္ ဘဝႀကီးထဲတြင္ အသက္ရွင္သန္ႏိုင္ရန္ ႀကိဳးစားရင္းျဖင့္ မိမိ၏က်န္းမာေရးကို သတိမျပဳမိဘဲ ရွိေနတတ္ၾကပါသည္။လူတို႔အတြက္ က်န္းမာေရးကသာလွ်င္ အဓိကျဖစ္ပါတယ္။တ႐ုတ္ႏိုင္ငံတြင္ ကေလးငယ္တစ္ဦးဟာ မိခင္ႏွင့္အတူ ညအခ်ိန္၌ ေစ်းဝယ္ထြက္စဥ္တြင္ မိခင္မွာ အစာအိမ္နာလာၿပီး မခံမရက္ႏိုင္ေသာေၾကာင့္ လမ္းမေပၚတြင္ လဲေနခဲ့ရပါတယ္။

ထို႔ေၾကာင့္ အသက္၇ႏွစ္အ႐ြယ္ သားငယ္ေလးဟာ မိခင္ကို အလြန္ပင္စိတ္ပူေနခဲ့ပါတယ္။အကူအညီဟာလည္း မဲ့ေနခဲ့ၿပီး ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနခဲ့ပါတယ္။ထိုအခ်ိန္တြင္ ကားတစ္စီးေမာင္းလာသည္ကို ေတြ႕ေသာေၾကာင့္ ကူညီကာ ေဆး႐ုံသို႔ ပို႔ေပးရန္အတြက္ ကေလးငယ္ေလးဟာ ဒူးေထာက္ၿပီး ေတာင္းပန္ေနခဲ့ပါတယ္။ကားေမာင္းသူဟာလည္း ကားကိုခ်က္ခ်င္းရပ္ၿပီး ကေလးငယ္ေလးကို ကူညီေပးခဲ့ပါတယ္။

ထိုပုံရိပ္မ်ားဟာ လိုင္းေပၚတြင္ ေရာက္ရွိလာေသာအခါ လူတိုင္းဟာ ကေလးငယ္၏ ခံစားခ်က္ကို နားလည္ၿပီး ကေလး၏ ႀကိဳးစားမႈကိုလည္း ခ်ီးက်ဴးခဲ့ၾကပါတယ္။

Shoon (Cele Daily)

Unicode

စျေးဝယ်ထွက်စဥ် မိခင်ဖြစ်သူဟာ အစာအိမ်နာပြီး ရုတ်တရက်လဲကျသွားသောကြောင့် လမ်းပေါ်တွင်သွားနေသော ကားတစ်စီးကို ကူညီပေးပါရန် ဒူးထောက်တောင်းပန်ခဲ့သည့် ကလေး

လူသားတိုင်းသည် ဘဝကြီးထဲတွင် အသက်ရှင်သန်နိုင်ရန် ကြိုးစားရင်းဖြင့် မိမိ၏ကျန်းမာရေးကို သတိမပြုမိဘဲ ရှိနေတတ်ကြပါသည်။လူတို့အတွက် ကျန်းမာရေးကသာလျှင် အဓိကဖြစ်ပါတယ်။တရုတ်နိုင်ငံတွင် ကလေးငယ်တစ်ဦးဟာ မိခင်နှင့်အတူ ညအချိန်၌ စျေးဝယ်ထွက်စဥ်တွင် မိခင်မှာ အစာအိမ်နာလာပြီး မခံမရက်နိုင်သောကြောင့် လမ်းမပေါ်တွင် လဲနေခဲ့ရပါတယ်။

ထို့ကြောင့် အသက်၇နှစ်အရွယ် သားငယ်လေးဟာ မိခင်ကို အလွန်ပင်စိတ်ပူနေခဲ့ပါတယ်။အကူအညီဟာလည်း မဲ့နေခဲ့ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ထိုအချိန်တွင် ကားတစ်စီးမောင်းလာသည်ကို တွေ့သောကြောင့် ကူညီကာ ဆေးရုံသို့ ပို့ပေးရန်အတွက် ကလေးငယ်လေးဟာ ဒူးထောက်ပြီး တောင်းပန်နေခဲ့ပါတယ်။ကားမောင်းသူဟာလည်း ကားကိုချက်ချင်းရပ်ပြီး ကလေးငယ်လေးကို ကူညီပေးခဲ့ပါတယ်။

ထိုပုံရိပ်များဟာ လိုင်းပေါ်တွင် ရောက်ရှိလာသောအခါ လူတိုင်းဟာ ကလေးငယ်၏ ခံစားချက်ကို နားလည်ပြီး ကလေး၏ ကြိုးစားမှုကိုလည်း ချီးကျူးခဲ့ကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment