Shoon (Cele Daily)
Unicode
မြေးဖြစ်သူဟာ ကျောင်းတွင် သူများလို စာကိုသင်ယူရန် ညဏ်ရည်နိမ့်နေသောကြောင့် အိမ်တွင် ပြန်လည်သင်ကြားပေးနိုင်ရန် စာသင်ခန်းသို့လိုက်ပြီး စာများကို သင်ယူနေသည့်အဖွား
လူသားတို့သည် မွေးဖွားလာစဥ်ကတည်းကပင် တစ်ဦးနှင့်တစ်ဦး အရည်အသွေးမတူညီဘဲ ဘဝပေး အခြေအနေတို့ဖြင့် ပါရမီကွဲပြားစွာ ပါရှိလာတတ်ကြသည်။ယခုတွင်လည်း တရုတ်နိုင်ငံမှ မူလတန်းကို စသင်တတ်ရောက်နေသည့် ကလေးငယ်တစ်ဦးဟာ အတန်းထဲက ကလေးများကဲ့သို့ စာများကို လွယ်ကူစွာမသင်ယူနိုင်ဘဲ မှတ်သားနိုင်စွမ်းမရှိဖြစ်နေခဲ့ပါတယ်။
ထို့ကြောင့် စာပေများကို သင်ကြားရန် အခက်အခဲဖြစ်လာခဲ့ပါတယ်။မြေးလေး၏ အခြေအနေကို ရိပ်စားမိသော အသက်၇၀အရွယ် အဖွားဟာ မြေးလေး၏ ပညာရေးကို အဆင်ပြေစေရန် ကြိုးပစ်ပေးပါတော့တယ်။အဖွားဖြစ်သူဟာ မြေးလေးစာသင်နေသည့် အခန်းလေး၏ အပြင်ဘက်မှနေ၍ ဆရာမသင်ကြားပေးသော စာများကို လိုက်လံမှတ်သားသင်ယူနေတာဖြစ်ပါတယ်။
ထို့နောက် အိမ်သို့ပြန်ရောက်သောအခါ မြေးလေးကို ဆရာမသင်ကြားပေးသည့်ပုံစံအတိုင်း နောက်တစ်ခေါက် ပြန်လည်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)