



Shoon (Cele Daily)

Unicode

ကိုယ်ဝန်ဆောင်ဇနီးသည်က ချဥ်ချင်းတတ်ပြီး မိန်းကလေးလို ဝတ်ဆင်ပြီး သူမစားသောက်ဖို့ ချက်ပြုတ်ခိုင်းသောကြောင့် ချက်ပြုတ်ပေးခဲ့ရသည့် အမျိုးသား၏အဖြစ်

အကြင်လင်မယားနှစ်ဦးတို့အတွက် ပထမဆုံးသော ကိုယ်ဝန်ဆောင်ချိန်လေးသည် အလင်းတန်းလေးများ ပေါ်ထွက်လာသည့် အချိန်လေးပင်ဖြစ်ပေသည်။လူ့ဘဝထဲကို ရောက်ရှိလာတော့မည့် သားသမီးလေးကို မျှော်တွေးပြီး အပူအစပ်ကအစ ရှောင်ကျဥ်ပြီး အရာရာဂရုစိုက်ပေးနေရပေသည်။

ထိုအချိန်တွင် ကိုယ်ဝန်ဆောင် ဇနီးသည်ဟာ ချဥ်ချင်းတတ်သည်ဆိုသော အလေ့မျိုးကို လူတိုင်းဖြစ်တတ်ကြပေသည်။ပုံမှန်အားဖြင့် ချဥ်ချင်းတတ်သည့်အချိန်တွင် လူအများစုဟာ အစားအသောက်တစ်ခုခုကို စားချင်ကြပေသည်။

သို့သော်လည်း ယခုဗီယက်နမ်မှ ဇနီးသည်တစ်ဦးဟာ ခင်ပွန်းသည်ကို သူမ၏ အဝတ်အစားဝတ်ပြီး သူမစားသောက်ဖို့ ချက်ပြုတ်ပေးတာကို အလိုရှိခဲ့ပါတယ်။ခင်ပွန်းသည်ဟာလည်း ဇနီးသည်အလိုကျ ဝတ်ဆင်ချက်ပြုတ်ပေးခဲ့ရပါတယ်။ထိုပုံရိပ်ကလေးကို လိုင်းပေါ်တင်လိုက်ချိန်မှာတော့ လူတိုင်းက ရယ်မောနေကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment