



Shoon (Cele Daily)

Unicode

သတိုးသမီးအိမ်မှ မင်္ဂလာပွဲတွင် ကျွေးမွေးရန် စီစဥ်ထားသည့် ဟင်းလျာများထဲတွင် သိုးသားဟင်းမပါသည့်အတွက် မင်္ဂလာပွဲကို ဖျက်သိမ်းပစ်ခဲ့သည့် သတိုးသား

ယခုကဲ့သို့ ထူထူးဆန်းဆန်းဖြစ်ပျက်ခဲ့ရသည့် မင်္ဂလာပွဲလေးကတော့ အိန္ဒိယနိုင်ငံတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါတယ်။အသက်၂၇နှစ်အရွယ်ရှိ Ramakantဆိုသည့်အမျိုးသားဟာ သူချစ်ရသော ကောင်မလေးနှင့် မင်္ဂလာပွဲလေးကျင်းပခဲ့ကြပါတယ်။

မင်္ဂလာပွဲလေးကို သတိုးသမီး၏နေအိမ်တွင် ကျင်းပရန် စီစဥ်ထားခဲ့ကြပါတယ်။ထို့ကြောင့် သတိုးသားမိသားစုတို့ဟာ မင်္ဂလာပွဲနေ့တွင် ဝတ်စုံများဖြင့် မင်္ဂလာပွဲအိမ်သို့ သွားရောက်ခဲ့ကြပါတယ်။သတိုးသမီးအိမ်သို့ရောက်ရှိသောအခါ ဧည့်သည်များဟာလည်း ရောက်ရှိနေပြီး ဟင်းပွဲများလည်း ကျွေးမွေးနေပြီဖြစ်ပါတယ်။

ကျွေးမွေးသည့် ဟင်းလျာများထဲတွင် သိုးသားဟင်းမပါသည့်အတွက် သတိုးသားဟာ အလွန်စိတ်ဆိုးပြီး သတိုးသမီးမိသားစုနှင့် စကားများခဲ့ကြပါတော့တယ်။ထိုကြောင့် နောက်ပိုင်းတွင် မင်္ဂလာပွဲဖျက်သိမ်းသည်အထိပါ ဖြစ်သွားခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment