Shoon (Cele Daily)
Unicode
လိုင်းပေါ်မှတွေ့သည့် မသန်စွမ်း ချစ်သူကောင်လေးကို လက်ထပ်နိုင်ရန်အတွက် ချစ်သူရှိရာမြို့လေးဆီသို့ နာရီပေါင်း၃၀ကြာအောင် လာရောက်ခဲ့သည့်ကောင်မလေး
အချစ်စစ်အချစ်မှန်နှင့် ချစ်သူတို့၏ သစ္စာတရားသည်အလွန်ပင် အံ့သြဖွယ်ကောင်းလှပေသည်။ယခုတွင်လည်း အသက်၃၁နှစ်အရွယ်ရှိ ကောင်မလေးသည် ဟိုချီမင်းမြို့မှ ချစ်သူရှိရာ မြို့လေးဆီသို့ နာရီပေါင်း၃၀ကြာအောင် သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။
သူတို့ချစ်သူနှစ်ဦးဟာ လိုင်းအော်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ကောင်လေးဟာ အသက်၃၃နှစ်ရှိပြီဟုသိရကာ မသန်စွမ်းသူလည်းဖြစ်ပါတယ်။ကောင်မလေးကို မသန်စွမ်းဖြစ်နေကြောင်း အသိပေးသော်လည်း ကောင်မလေးဟာ ဆက်ချစ်နေခဲ့ပြီး လက်ထပ်ရန် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ကောင်လေး၏ မိဘများကလည်း အလွန်အံ့သြကာ ဆုံးဖြတ်ချက်ကို ပြင်နိုင်ကြောင်း ပြောသော်လည်း ကောင်မလေးဟာ လက်ခံခြင်းမရှိခဲ့ပေ။သူမသည် အရမ်းချစ်ရသည့်ချစ်သူကို တစ်သက်လုံးစောင့်ရှောက်ကာ ပြုစုသွားမည်ဟု ဆိုခဲ့ပါတယ်။
Shoon (Cele Daily)