



Shoon (Cele Daily)

Unicode

အဖော်အဖြစ် ခွေးလေးတစ်ကောင်ကိုသာ ခေါ်ဆောင်ပြီး နိုင်ငံအနှံကို ခရီးထွက်ကာ ပျော်ပါးခဲ့သည့် မိန်းမချောလေး

ယနေ့တွင်တော့ အမေရိကန်နိုင်ငံမှ နာမည်ကျော်ဆံပင်အလှပြင်သူမိန်းမချောလေးတစ်ဦးနှင့် မိတ်ဆက်ပေးမှာဖြစ်ပါတယ်။သူမဟာ နယူးယောက်တွင် နေထိုင်ပြီး Nikki Delventhalဟုအမည်ရသူဖြစ်ပါတယ်။သူမဟာ လွန်ခဲ့သောတစ်နှစ်ခန့်က ကားမောင်းနေစဥ်တွင် ခွေးကလေးကို လမ်းဘေးတွင် တွေ့ရှိခဲ့ပြီးနောက် သနားကာ ခေါ်ယူမွေးထားခဲ့ခြင်းဖြစ်ပါတယ်။

သူမဟာ အလုပ်များကိုသာ နေ့စဥ်လုပ်ကိုင်နေရသည့်အတွက် ငြီးငွေ့ကာ ခရီးသွားရန် ဆုံးဖြတ်ချက်ချခဲ့ပြီး ခွေးကလေးအတူ လည်ပတ်ခဲ့ပါတယ်။ထို့ကြောင့် သူမ၏ ခရီးစဥ်အတွက် ကားပေါ်တွင် နေထိုင်းခြင်းဆို၍ အမည်ပေးခဲ့ကာ ခွေးကလေးနှင့်အတူ ကားတစ်စီးနှင့် နိုင်ငံအနှံကို ခရီးထွက်ခဲ့ပါတယ်။

သူမ၏ လွတ်လပ်ပျော်ရွင်သော ခရီးထွက်မှုလေးကြောင့်ပင် သူမဟာ နာမည်ကျော်ကြားလာခဲ့ပြီး ခရီးသွား ဘလော့ကာတစ်ဦးဖြစ်လာစေခဲ့ပြီး ယူကျူ့တွင် ဝင်ငွေများကိုလည်း ပိုမိုရရှိလာခဲ့တယ်လို့ သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment