Shoon (Cele Daily)
Unicode
နတ်သမီးလေးအလား ထင်မှတ်နေရသည့် တက္ကသိုလ်တစ်ခုမှ အလှတို့၏ဘုရင် မမဆရာမလေး
စာဖတ်သူတို့အနေဖြင့် နိုင်ငံကျော်ဆယ်လီနှင့်ရုပ်ရှင်မင်းသမီးတို့သာ ချောမောလှပနေသည်ဟု ထင်မှတ်နေသော အတွေးလေးတွေကို ဖျောက်ဖျက်လိုက်ပါတော့ဟု အရင်ဆုံးအသိပေးချင်ပါတယ်။ဗီယက်နမ်နိုင်ငံမှ အလွန်ချောမောလှပလွန်းလှတဲ့ တက္ကသိုလ်ဆရာမတစ်ဦးနှင့် စာဖတ်သူတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ဆရာမလေးရဲ့နာမည်ကတော့ Trinh Phuong Thaoသိရပြီး စီးပွားရေးမဟာဘွဲ့နှင့် အခြားဘွဲ့များစွာကို ရရှိထားသူ ဖြစ်ပါတယ်။
ဆရာမဟာ အလွန်ထူးချွန်ထက်မြက်ပြီး စာသင်ပြရာတွင်လည်း အလွန်နာမည်ကြီးနေခဲ့ပြီး နိုင်ငံတော်အဖွဲ့အစည်းတစ်ခုဖြစ်သော ဗဟိုလူငယ်များ သမဂ္ဂမှချီးမြှင့်သော ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း ၅နှစ်ဆက်တိုက် ရရှိထားသူဖြစ်ပါတယ်။
ဆရာမလေးဟာ စာသင်ကြားရာတွင်ပင် ထူးချွန်ထက်မြက်နေခြင်းမျိုးမဟုတ်ဘဲ အခြားနိုင်ငံ၏ အကျိုးတိုးတက်စေရေးအတွက် အားကြိုးမာန်တတ်ဖြင့် လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
Shoon (Cele Daily)