Shoon (Cele Daily)
Unicode
သီးနှံများအမြန်ဆုံးရောင်းချနိုင်ရန်အတွက် ကောင်မလေးတစ်ဦး၏ အကြံကို လိုက်လုပ်ခဲ့ကြသည့် အမျိုးသမီးများ နိုင်ငံပါကျော်သွားခဲ့
ခေတ်မှဆန်းသစ်လှတဲ့ ဖက်ရှင်ဒီဖိုင်းပုံစံကို ဖန်တီးနိုင်လျှင်လည်း နိုင်ငံကျော်တဲ့ မော်ဒယ်လေးတွေဖြစ်သွားနိုင်ပါတယ်။တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကျေးလက်တစ်ခုတွင် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပြီး တောင်သူတို့၏ အစဥ်အလာအတိုင်း သီးနှံများရောင်းချနိုင်ရန်အတွက် စိတ်ပူများလာ ရှိလာတတ်ကြပါတယ်။
ထို့ကြောင့် ကောင်မလေးတစ်ဦးဟာ သီးနှံများကို အဝတ်အစားများဖြစ်အောင်ဖန်တီးပြီး လူအများ၏ စိတ်ဝင်စားမှုအောင် ဖန်တီးနိုင်ကြောင်း ပြောပြခဲ့ပါတယ်။ထိုအခါ အမျိုးသမီး၄ဦးဟာလည်း အသီးအရွက်များကို ဝတ်စုံများသဖွယ်ဆင်မြန်းခဲ့ပါတယ်။အကြံပေးသည့်ကောင်မလေးဟာလည်း ရိုက်ကူးပြီး လိုင်းပေါ်တင်လိုက်သောအခါ တစ်နိုင်ငံလုံးက သဘောကျကာ နာမည်ကြီးလာခဲ့ပါတယ်။
အလန်းစားဖက်ရှင်အတွက် တန်ဖိုကြီးတဲ့ အဝတ်အစားတွေမလိုအပ်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
Shoon (Cele Daily)
  • Leave a Comment