



Shoon (Cele Daily)

Unicode

ကမ္ဘာပေါ်တွင် ရှားပါးသောမွေးရာပါရောဂါ အရေးပြား အမှတ်အသားများကြောင့် အားငယ်နေရသူအဖြစ်မှ အကောင်းဆုံရုန်းထွက်ပြီး ချစ်ရသူခင်ပွန်းနှင့် တွေ့ရှိခဲ့သည့် ကောင်မလေး

ထူးခြားသော ကိုယ်ခန္ဓာကိုယ်ပုံပန်းသဏ္ဍန်ဖြင့် လှပသော မိန်းမပျိုလေးတစ်ဦးမကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကောင်မလေးဟာ အသက်၂၅နှစ်အရွယ်ရှိပြီဖြစ်ကာ ဘရာဇီးနိုင်ငံတွင် နေထိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။

သူမဟာ လူဦးရေငါးသိန်းတွင် တစ်ဦးဖြစ်ရန် ရှားပါးလွန်းလှသော အရေပြားအမှတ်အသားများဖြင့် မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ထိုအမှတ်အသားများကို နှစ်ကြိမ်အထိ ခွဲစိတ်ဖယ်ရှားခဲ့သော်လည်း အဆင်ပြေခဲ့ခြင်းမရှိဘူးဟု သိရပါတယ်။

ထို့ကြောင့် ကောင်မလေးဟာ အပြင်းအထန် စိတ်ဓာတ်များကျဆင်းခဲ့ရပါတယ်။အပြင်များထွက်ရန်ပင် ယုံကြည်မှုမရှိခဲ့ရာမှ ကြိုးစားကာ စိတ်ဓာတ်မြှင့်တင်ပြီး ပြန်လည်ကြိုးစားယူခဲ့ပါတယ်။ထို့ကြောင့်သူမဟာ စိတ်အားငယ်သူတို့အတွက် နမူနာယူစရာတစ်ဦးဖြစ်လာခဲ့ပြီး ယခုအချိန်တွင် ခင်ပွန်းတစ်ဦးနှင့် ပျော်ရွင်ဖွယ် မိသားစုလေးကို တည်ထောင်နေပြီဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment