



Shoon (Cele Daily)

Unicode

Unicode

ယာဥ်မတော်တဆမှုဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို မီးလောင်ဆုံးရှုံးသွားခဲ့သော်လည်း သစ္စာရှိစွာဖြင့် လက်ထပ်ပေါင်းသင်းခဲ့သည် မိန်းမချောလေး

အမှန်တကယ်သာ ချစ်မြတ်နိုးသည်ဆိုလျှင် မိမိ၏ချစ်သူကို ကမ္ဘာခြားနေပါစေ သစ္စာမပျက်ဘဲ ချစ်နေမည်မှာ ဧကန်ပင်ဖြစ်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ Baishiမြို့တွင် အလွန်ခမ်းနားကြီးကျယ်လှသော မင်္ဂလာပွဲလေးကို ကျင်းပခဲ့ကြပါတယ်။မင်္ဂလာပွဲလေးတွင် သတိုးသမီးဟာ အလွန်ချောမောလှပနေခဲ့ပြီး သတိုးသားလေးကို အမြဲမပျက် ဂရုစိုက် ကြည့်ရှုနေခဲ့ပါတယ်။

သတိုးသားဖြစ်သူဟာ မင်္ဂလာပွဲမတိုင်ခင်အချိန်က ကားမတော်တဆမှုဖြစ်ကာ ခန္ဓာကိုယ်တစ်လုံးကို မီးများလောင်းကျွမ်းခံခဲ့ရတာဖြစ်ပါတယ်။သတိုးသားဟာ ခန္ဓာကိုယ်၏ ၈၅ရာခိုင်နှုန်းအထိကို မီးများလောင်ကျွမ်းခံခဲ့ရပြီး ခြေထောက်များနှင့် လက်များအားလုံးကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

သို့သော်လည်း သူ၏ချစ်သူကောင်မလေးဟာ ထားသွားခဲ့ခြင်းမရှိဘဲ သစ္စာရှိစွာဖြင့် လက်ထပ်ယူခဲ့ပြီး မင်္ဂလာပွဲလေးကို ခမ်းနားစွာကျင်းပခဲ့ပါသေးတယ်။

Shoon (Cele Daily)

  • Leave a Comment