


Shoon (Cele Daily)

Unicode

အချစ်၏ သင်္ကေတအနေဖြင့် အနုစိပ်လှပလွန်းလှသော လက်ထပ်စာချုပ်ပုံလေးကို ဇနီးသည်အတွက် တတ်တူးထိုးခဲ့သည့် အမျိုးသား

ကောင်လေးအချို့တို့သည် သူတို့၏ ချစ်သူပုံလေးကို တတ်တူးထိုးပြီး အချစ်အတွက် သက်သေပြတတ်ကြသော်လည်း ယခုအမျိုးသားသည် ချစ်သူ၏ပုံကို မဟုတ်ကို သူတို့နှစ်ဦး၏ မင်္ဂလာလက်ထပ်စာချုပ်လေးကို လက်ဖျံပေါ်တွင် တတ်တူးထိုးခဲ့ပါတယ်။အသက်၃၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထိုအမျိုးသားဟာ ငယ်ရွယ်သော ကောင်လေးများကဲ့သို့ အချစ်သက်သေပြလိုသည့်အတွက် ဇနီးသည်နှင့် တိုင်ပင်ကာ လက်ထပ်စာချုပ်ပုံကို တတ်တူးထိုးပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

အမျိုးသမီး၏ ပြောပုံအရဆိုလျှင် သူ၏ခင်ပွန်းသည် နောက်အိမ်ထောင်များပြုချင်စိတ်များ ဖြစ်ပေါ်လာခဲ့လျှင် အခက်တွေ့စေအောင်လို့ ဟုနောက်ပြောင်ဆိုခဲ့ပါတယ်။ထိုးထားသော စာချုပ်တတ်တူးပုံလေးဟာ အလွန်ပင်သေသပ်ကာ အနုစိပ်လွန်းသောကြောင့် အမျိုးသားဟာ လိုင်းပေါ်တွင် ပိုမိုပင် နာမည်ကျော်ကြားလာခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment