


Shoon (Cele Daily)

Unicode

မိခင်ဖြစ်သူ၏မွေးနေ့လေးအတွက် စုထားသော မုန့်ဖိုးငွေလေးများဖြင့် လက်စွပ်တစ်ကွင်းဝယ်ကာ လက်ဆောင်ပေးခဲ့သည့် အသက်၆နှစ်အရွယ်ကလေးငယ်

အသက်၆နှစ်အရွာ်သာရှိသေးသည့် ကလေးငယ်လေးသည် သူ၏ကိုယ်ပိုင်ပိုက်ဆံဖြစ်သော မုန့်ဖိုးငွေလေးဖြင့် မိခင်၏ကျေးဇူးတရားများကို အသိအမှတ်ပြုနိုင်ရန် လက်ဆောင်ပေးရန် စဥ်းစားတတ်နေပြီဖြစ်ပါတယ်။ကလေးငယ်လေးဟာ သူ၏ဖခင်နှင့် အကိုဖြစ်သူတို့နှင့် ဆံပင်ညှပ်ဆိုင်သို့သွားခဲ့ပါတယ်။ထိုအချိန်တွင် ရွေဆိုင်အရှေ့သို့ရောက်သောအခါ ကလေးငယ်လေးဟာ သူ့မိခင်၏ မွေးနေ့ကို အမှတ်ရသွားပြီး လက်စွပ်လေးလက်ဆောင်ပေးရန် ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက်တွင် ကလေးငယ်လေးဟာ သူ၏မုန့်ဖိုးငွေလေးများဖြင့် ဝယ်ယူခဲ့ပြီး အကိုနှင့်ဖခင်ဖြစ်သူကို မသိချင်ယောင်ဆောင်နေပေးရန်နှင့် မိခင်ဖြစ်သူကို အံ့သြသွားအောင်လုပ်မည်ဟုလည်း ဆိုခဲ့ပါတယ်။ထို့နောက်တွင်ကလေးငယ်လေးဟာ မိခင်ဖြစ်သူ အလုပ်မှပြန်လာသည်နှင့် လက်စွပ်လေးကို လက်ဆောင်ပေးပြီး မိခင်ဖြစ်သူကို ပျော်ရွင်စေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment