



Shoon (Cele Daily)

Unicode

သားသမီးတို့ကို ပုဇွန်လေးများ စားဖူးစေချင်သောကြောင့် မင်္ဂလာပွဲမှ အကျန်လေးများကို အိတ်ထဲထည့်သွားခဲ့သည့် ထီရောင်းသူအမျိုးသမီးတစ်ဦး

မိဘတို့၏ သားသမီးတို့၏အပေါ်တွင် ထားရှိသော မေတ္တာတရားများနှင့် ကျေးဇူးတရားသည်ကား စာဖွဲ့၍မီနိုင်မည်မဟုတ်ပေ။မြင့်မိုရ်တောင်ပင်လျှင် မိဘတို့၏ကျေးဇူးတရားနှင့်ယှင်လျှင် နှမ်းစေ့မျှပင်ရှိတော့သည် မဟုတ်ပါလား။ယခုတွင်လည်း မိခင်ထီသည်ကြီးတစ်ဦး၏ သားသမီးလေးတို့အတွက် ကြိုးပမ်းပေးခဲ့မှုသည် လူတိုင်း၏ နှလုံးသားကို မျက်ရည်ကျစေခဲ့ရပါတယ်။

မိခင်ဖြစ်သူဟာ သားသမီးလေးတို့ကို ပုဇွန်လေးများကို ဝယ်ကျွေးချင်သော်လည်း ငွေကြေးမတတ်နိုင်သောကြောင့် မင်္ဂလာပွဲတစ်ခုထံမှ အကျန်လေးများကို သွားရောက်တောင်းယူခဲ့ပါတယ်။ထိုသို့တောင်းယူရာတွင်လည်း မိခင်ဖြစ်သူသာ လောဘကြီးစွာ ယူသွားခဲ့ခြင်းမျိုးမဟုတ်ဘဲ သားသမီးတို့စားရန် အနည်းငယ်သာ ယူသွားခဲ့ပါတယ်။

ယူဆောင်ပြီးချိန်တွင် အမျိုးသမီး၏ မျက်နှာဟာ အလွန်ပျော်နေပုံရပြီး သားသမီးတို့ကို ကျွေးရတော့မည်ဖြစ်သောကြောင့် ပီတိဖြစ်နေပုံရပါတယ်။

Shoon (Cele Daily)

  • Leave a Comment