Shoon (Cele Daily)
Unicode
မော်တော်ပီကယ်များက ယာဥ်မောင်းလိုင်စင်စစ်ဆေးရာတွင် ကိုယ်တိုင်ရေးထားတဲ့ ယာဥ်မောင်းလိုင်စင်စာရွက်ကို ထုတ်ပြခဲ့သည့်အမျိုးသား
လူသားအားလုံးတို့ဟာ ကမ္ဘာပေါ်ရှိ နေရာအနှံအပြားတွင် နေထိုင်ကြပြီး နေထိုင်နေသည့် တိုင်းပြည်ဒေသအလိုက် ထုတ်ပြန်ထားသော စည်းကမ်ချက်များကို လိုက်နာကျင့်သုံးရမည်ဖြစ်ပေသည်။ကမ္ဘာတစ်ဝှမ်းလုံးတွင် ခေတ်မှီမော်တော်ယာဥ်များအတွက် နိုင်ငံတော်ဝင်ငွေရရှိစေရန် ယာဥ်မောင်းနှင်ခွင့် မော်တော်ယာဥ်လိုင်စစ်များကို ပြုလုပ်ဆောင်ရွက်ကြပြီး လိုက်နာခြင်း မရှိသူများကို ဥပဒေအရ အရေးယူမှုပြုလုပ်လေ့ရှိပါတယ်။
ယခုတွင်လည်း အမျိုးသားတစ်ဦးဟာ မော်တော်ဆိုင်ကယ်ကို မောင်းနှင်နေသည့်အတွက် ယာဥ်ထိန်းရဲများမှ လိုမပ်သည်များကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ထိုနောက်တွင် ယာဥ်ထိန်းရဲများက မောင်းနှင်ခွင့် လိုင်စင်စာရွက်ကို တောင်းခံလိုက်သောအခါ အမျိုးသားက ခပ်တည်တည်ပင် ထုတ်ပေးခဲ့ပါတယ်။သေချာစွာကြည့်လိုက်သောအခါ ယာဥ်မောင်းလိုင်စင်ဟာ ကိုယ်တိုင်ရေးထားတဲ့စာရွက်ဖြစ်နေခဲ့ပါတယ်။
ထို့ကြောင့် ယာဥ်ထိန်းရဲဟာလည်း အံ့သြသွားခဲ့ပြီး အမျိုးသားကို ဒဏ်ငွေပဲချမှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
Shoon (Cele Daily)