



Shoon (Cele Daily)

Unicode

ကင်ဆာရောဂါကြောင့် ဆံပင်များဆုံးရှုံးသွားရသော ချစ်သူကောင်လေးကို မင်္ဂလာပွဲတွင် စိတ်အားငယ်နေမည် စိုးရိမ်သဖြင့် ကိုယ်တိုင်ကတုံးတုံးပြီး မင်္ဂလာပွင်ကျင်းပခဲ့သည့် ကောင်မလေး

အမျိုးသားတစ်ဦးဟာ အဆုတ်ကင်ဆာရောဂါကို အကြိမ်ကြိမ်တိုက်ဖျက်နေခဲ့ရပြီး တတိယအကြိမ် ကြိုးပမ်းပြီးနောက်မှာတော့ သူဟာ ချစ်သူကောင်မလေးနှင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ထို့နောက်တွင် ထိုအမျိုးသားနှင့်သူ၏ချစ်သူစုံတွဲတို့ဟာ မင်္ဂလာပွဲအတွက် အစစအရာရာကို ပြင်ဆင်နေခဲ့ကြပါတယ်။

မင်္ဂလာပွဲအတွက် ဓာတ်ပုံများရိုက်ကူးတော့မည့်အချိန်တွင် ကောင်မလေးဟာ အမျိုးသားသည် ဆံပင်များကို ဆုံးရှုံးထားသောကြောင့် မင်္ဂလာပွဲတွင် စိတ်မားငယ်နေမည်ကို စိုးရိမ်လာခဲ့ပါတယ်။ထို့ကြောင့် ကောင်မလေးဟာ မင်္ဂလာပွဲတွင် ချစ်သူအား စိတ်ဓာတ်မြှင့်တင်ပေးနိုင်ရန်အတွက် ကိုယ်တိုင်ကတုံးတုံးပြီး မင်္ဂလာဆောင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

ကောင်မလေး၏ ချစ်သူအပေါ်တွင် အသေးအဖွဲလေးကအစ ဂရုစိုက်ပေးခြင်းဟာ တကယ်ပင် ချီးကျူးဖွယ်ကောင်းလှပါတယ်။

Shoon (Cele Daily)

  • Leave a Comment