



Shoon (Cele Daily)

Unicode

စိတ်ဖိစီးမှုများကာ ရူးသွားခဲ့ပြီး ဇနီးနှင့် ၄လသားအရွယ်သားငယ်လေးကို အိမ်ထဲတွင် ရက်အတန်ကြာ သော့ခတ်ထားသောကြောင့် ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကယ်ဆယ်ခဲ့ရ

ကမ္ဘာပေါ်တွင် လူရယ်လို့ဖြစ်လာသည့်အရွယ်မှစကာ ကလေးမှလူကြီးအထိ အကုန်လုံးသည် ဖိအားဒဏ်ကို ခံစားကြရသည်ပင်ဖြစ်ပါသည်။အချို့လူသားများဟာ ဖိအားဒဏ်များကို အလူးအလွန့်ခံစားရသည့်အချိန်းမျိုးတွင် ဖိအားဒဏ်ကို မခံနိုင်သောကြောင့် ရူးကြောင်ကြောင်ဖြစ်သွားရသည့်အခါမျိုးရှိနေတတ်ပါတယ်။

ယခုတွင်လည်း မလေးရှားနိုင်ငံမှ အမျိုးသားတစ်ဦးဟာ မိသားစု၏ အလုပ်မှ ဖိအားဒဏ်များကို လုံးဝမခံစားနိုင်တော့သည့်အချိန်တွင် စိတ်များဟာ လွတ်ထွက်သွားခဲ့ပါတယ်။ထို့ကြောင့် နေအိမ်ထဲတွင် ဇနီးနှင့်အတူ ၁နှစ်အရွယ်သားနှင့် ၄လအရွယ်ကလေးနှစ်ဦးတို့ကိုပါ သော့ခတ်ထားခဲ့ပါတယ်။

ဇနီးသည်ဟာလည်း အမျိုးသား၏အခြေအနေကို ရိပ်မိနားလည်သောကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့ရပါတယ်။ထို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့ဟာလည်း အမျိုးသားကို သော့ဖြင့်ပေးရန် ဖြောင်းဖြသော်လည်း မရသောကြောင့် ကယ်ဆယ်မှုတစ်ခုအနေဖြင့် ပြုလုပ်ခဲ့ရသည်ဟု ဖော်ပြခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment