Shoon (Cele Daily)
Unicode
အသက်၄၁နှစ်အရွယ်သားဖြစ်သူဟာ အကြွေးများဖြင့် ထွက်ပြေးသွားခဲ့သောကြောင့် ချွေးမနှင့် မြေးတို့ကို အိမ်နေခေါ်ထားပြီး ရှာဖွေကျွေးမွေးနေရသည့် ဖခင်ကြီး
မိဘများသည် အသက်မည်မျှပင် အိုမင်းနေပါစေ သားသမီးများအတွက်ဆိုလျှင် ကျန်းမာသန်စွမ်းပြီး အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပေးနေဆဲပင် ဖြစ်ပါတယ်။ယခုတွင်လည်း ထိုင်ဝမ်နိုင်ငံမှ အသက်၆၀အရွယ် ဖခင်အိုကြီးတစ်ဦးသည် မိသားစုတစ်ခုလုံးအတွက် မြစ်ထဲတွင် ငါးဖမ်းပြီး စီးပွားရှာနေခဲ့ရပါတယ်။
မိသားစုထဲတွင် ချွေးမနှင့် မြေးတို့အတွက်ပါ ရှောဖွေကျွေးမွေးနေရတာဖြစ်ပါတယ်။ချွေးမနှင့်မြေးတို့ကို ရှာဖွေကျွေးမွေးနေရသည်မှာ သားဖြစ်သူဟာ လောင်းကစားများကြောင့် ဒေါ်လာသန်းချီအကြွေးတင်ပြီး ထွက်ပြေးသွားခဲ့သောကြောင့်ဖြစ်ပါတယ်။ယခင်ကဆိုလျှင် ကားသုံးစီးပိုင်ဆိုင်အောင် ငွေကြေးပြည့်စုံခဲ့သော်လည်း သားဖြစ်သူကြောင့် အကုန်ဆုံးရှုံးသွားခဲ့ရခြင်းဖြစ်ပါတယ်။
အဖိုးအိုဟာ မြစ်ထဲတွင် ငါးဖမ်းရင်းတစ်လလျှင် ယွမ်ငွေ၂၀၀၀လောက်သာရရှိပြီး မိသားစုအတွက် ရုန်းကန်နေရခြင်းဖြစ်ပါတယ်။
Shoon (Cele Daily)