



Shoon (Cele Daily)

Unicode

ငယ်စဥ်ကျောင်းသားဘဝကို ပြန်လွမ်းသွားစေမည့် ကျောင်းသူလေးတစ်ဦး၏ နေမကောင်၍ဆိုကာ မှောက်အိပ်ပြီး ခုံအပေါက်မှတစ်ဆင့် ဖုန်းခိုးကြည့်နေခဲ့သည့်အဖြစ်

လုတိုင်းသည် ငယ်စဥ်အခါ ကျောင်းသားဘဝအမှတ်တရများစွာ ရှိနေတတ်ပါတယ်။လူ့ဘဝတစ်ခုလုံးတွင်လည်း ပျော်ရွင်စရာ အကောင်းဆုံးသော အချိန်မှာ ဖြူစင်ရိုးသားလွန်းလှသော ကျောင်းသားဘဝ၏ အဖြစ်အပျက်များပင်ဖြစ်ပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ ကျောင်းသူးလေး၏ လိမ်ညာမှုသည် လူတိုင်း၏ ငယ်စဥ်အခါ စာသင်ခန်းထဲက သူငယ်ချင်းများ ဆရာမများနှင့် အမှတ်တရပေါင်းစုံကို သတိရသွားစေခဲ့ပါတယ်။

ဗီယက်နမ်မှ ကျောင်းသူလေးဟာ ဆရာမဖြစ်သူကို နေမကောင်းဘူးဟုအကြောင်းပြကာ မှောက်အိပ်နေခဲ့ပါတယ်။အမှန်တကယ်မှာတော့ ကျောင်းသူလေးဟာ သူအရမ်းကြိုက်တဲ့ ဇာတ်ကားလေးကို ကြည့်ချင်နေသောကြောင့် လိမ်ခဲ့တာဖြစ်ပါတယ်။ကောင်မလေးဟာ မှောက်အိပ်ချင်ယောင်ဆောင်ပြီး ခုံအပေါက်မှတစ်ဆင့် ဇာတ်ကားကြည့်နေတာဖြစ်ပါတယ်။

ပုံတင်တဲ့ကျောင်းသူလေးတစ်ဦး၏ ပြောစကားအရ စာသင်ခန်းထဲတွင် ဆရာမဟာ နေမကောင်းသောကြောင့် အိပ်နေသူကို မနှောက်ယှက်ရန်ပင် ပြန်ကြားခဲ့တယ်လို့ သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment