



Shoon (Cele Daily)

Unicode

ကောင်မလေးကို လက်ထပ်ရန်အတွက် မိဘထံသွားတောင်းရာ ကောင်မလေးမိဘများက ငွေကြေးများစွာ တောင်းခံသောကြောင့် ရွဲ့ပြီးတခြားသူနှင့် လက်ထပ်ခဲ့သည့်အမျိုးသား

အချို့သော မိဘများသည် ငွေကြေးများကို အလွန်မက်မောကာ သမီးတို့၏ လက်ထပ်ထိမ်းမြှားခြင်းဖြင့် ငွေကြေးများရရှိအောင် လုပ်ဆောင်တတ်ကြသည်ဟုလည်း မစွပ်စွဲရက်ပေ။သို့သော်လည်း အချို့သည် မိမိတို့၏ သမီးလေးကို လက်ထပ်ထိမ်းမြှားရန်အတွက် ငွေကြေးများစွာကိုတောင်းခံလေ့ရှိကြပေသည်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ မစ္စတာလင်းဆိုသည့် အမျိုးသားတစ်ဦးဟာ သူ၏ လက်ထပ်ရန်မင်္ဂလာပွဲလေးဟာ အနည်းငယ်လွဲချော်သွားခဲ့ရပါတယ်။အကြောင်းမှာ အမျိုးသားဟာ သူသိပ်ချစ်ရတဲ့ ကောင်မလေးကို လက်ထပ်လိုသောကြောင့် မိဘများထံ သွားရောင်တင်တောင်းခဲ့ပါတယ်။သို့သော်လည်း ကောင်မလေးမိဘများဟာ သူတို့၏သမီးအတွက် တောင်းခံသည့်ငွေကြေးမပေးလျှင် လက်မခံနိုင်ကြောင်းဆိုခဲ့ပါတယ်။

အမျိုးသားဟာလည်း ငွေကြေးချမ်းသာသူမဟုတ်သည့်အတွက် ပေးချေနိုင်ခြင်းမရှိသောကြောင့် အခြားကောင်မလေးတစ်ဦးကို သွားတောင်းကာ လက်ထပ်ယူခဲ့လိုက်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment