



Shoon (Cele Daily)

Unicode

ကိုယ်ကျိုးစွန့်ကာ လိုအပ်သူများကို ရှာဖွေလှူဒါန်းမှုများ ကြိုးစားလုပ်ကိုင်ခဲ့သည့်ကောင်မလေး အလှူရှင်များစွာရရှိလာခဲ့ပြီး နိုင်ငံ၏သူရဲကောင်းဖြစ်လာခဲ့

ပရိဟိတအကျိုးကို သယ်ပိုးဆောင်ရွက်နေသော မည်သူကိုပင်မဆို ရုပ်လတ်အရွယ်မရွေး အားပေးချီးမြှောက်ပြုလုပ်ရမည်ဖြစ်ပေသည်။ယခုတွင်လည်း ဗီယက်နမ်မှ အသက်၂၆နှစ်အရွယ်ရှိ ကောင်မလေးဟာ နှစ်ပေါင်းများစွာ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရာမှ မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ရောက်ရှိလာသည်နှင့် သူမဟာ မိဘများ၏ ဟော်တယ်လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ရင်းဖြင့် အားလပ်ချိန်များတွင် ငွေကြေးချို့တဲ့သူများအား ကူညီရန်ဆောင်ရွက်ခဲ့ပါတယ်။အစပိုင်းတွင် သူမဟာ ဆွေမျိုးများ မိဘများနှင့် သူငယ်ချင်းများထောက်ပံပေးသော ငွေများဖြင့် ငွေကြေးပစ္စည်းများကိုသာ လှူဒါန်းနိုင်ခဲ့ပါတယ်။

နောက်ပိုင်းတွင် သူမ၏ကြိုးစားမှုများကြောင့် တစ်နိုင်ငံလုံးက ရိပ်မိလာကာ သူမအား ပရဟိတလုပ်ကိုင်နိုင်ရန် ငွေကြေးများကို သူဋ္ဌေးများမှ ဝိုင်းဝန်းထောက်ပံပေးသည်အထိ ဖြစ်လာခဲ့ပါတယ်။ယခုဆိုလျှင် သူမဟာ ငွေကြေးချို့တဲ့သူများအတွက် အားကိုးရာ သူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment