မဂၤလာပြဲလာေသာ ဧည့္သည္မ်ားကို ေခါက္ဆြဲမ်ားအား ဇလုံးတစ္လုံးထဲတြင္ထည့္ၿပီး ဝိုင္းစားခိုင္းကာ ထိုင္ခုံပင္မေပးဘဲ ဧည့္ခံခဲ့သည့္ မဂၤလာေဆာင္

ခ်စ္သူစုံတြဲတိုင္းသည္ တစ္သက္တြင္ တစ္ခါသာ ႀကဳံေတြ႕ရသည့္ မဂၤလာပြဲေလးကို ခန္းမႀကီး၏အလယ္တြင္ ခန္းနားထည္ဝါစြာျဖင့္ တမူထူးျခားစြာျဖင့္ အမွတ္တရမ်ားစြာဖန္တီးၿပီး က်င္းပလိုက်ေပသည္။ထိုသို႔ေပ်ာ္႐ြင္ဖြယ္ မဂၤလာပြဲေလးကို အမွတ္တရမ်ားျဖင့္ လူတိုင္း၏ ပါးစပ္ဖ်ားတြင္ ေျပာစမွတ္တြင္သြားေစမည့္ မဂၤလာပြဲက်င္းပပုံမ်ိဳးကို အျခားသူမ်ားအေနျဖင့္ စဥ္းေတာင္စဥ္းစားမိလိမ့္မည္ မဟုတ္ေပ။

သို႔ေသာ္လည္း တ႐ုတ္ႏိုင္ငံမွ မဂၤလာပြဲတစ္ခုဟာေတာ့ မဂၤလာပြဲကို ကမာၻေပၚတြင္ မည္သူမွ်မက်င္းပဖူးေသးသည့္ပုံစံျဖင့္ ဧည့္ခံခဲ့တာျဖစ္ပါတယ္။ဧည့္သည္မ်ားအားလုံးကို ေနရာထိုင္ခင္းမ်ားျဖင့္ က်နစြာ ဧည့္ခံခဲ့ျခင္းမ်ိဳးမဟုတ္ဘဲ ဇလုံႀကီးတစ္လုံးထဲတြင္ ေခါက္ဆြဲမ်ားထည့္ေပးၿပီး ဝိုင္းစားခိုင္းခဲ့တာျဖစ္ပါတယ္။ထိုင္စရာမ်ားလည္းမရွိဘဲ အခ်ိဳ႕ဧည့္သည္မ်ားဟာ ပန္းကန္လုံးေလးျဖင့္ ကိုယ္တိုင္ခြဲထည့္ကာ မတ္တပ္ရပ္ၿပီး စားသုံးခဲ့ရပါတယ္။

Shoon (Cele Daily)

Unicode

မင်္ဂလာပွဲလာသော ဧည့်သည်များကို ခေါက်ဆွဲများအား ဇလုံးတစ်လုံးထဲတွင်ထည့်ပြီး ဝိုင်းစားခိုင်းကာ ထိုင်ခုံပင်မပေးဘဲ ဧည့်ခံခဲ့သည့် မင်္ဂလာဆောင်

ချစ်သူစုံတွဲတိုင်းသည် တစ်သက်တွင် တစ်ခါသာ ကြုံတွေ့ရသည့် မင်္ဂလာပွဲလေးကို ခန်းမကြီး၏အလယ်တွင် ခန်းနားထည်ဝါစွာဖြင့် တမူထူးခြားစွာဖြင့် အမှတ်တရများစွာဖန်တီးပြီး ကျင်းပလိုကျပေသည်။ထိုသို့ပျော်ရွင်ဖွယ် မင်္ဂလာပွဲလေးကို အမှတ်တရများဖြင့် လူတိုင်း၏ ပါးစပ်ဖျားတွင် ပြောစမှတ်တွင်သွားစေမည့် မင်္ဂလာပွဲကျင်းပပုံမျိုးကို အခြားသူများအနေဖြင့် စဥ်းတောင်စဥ်းစားမိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း တရုတ်နိုင်ငံမှ မင်္ဂလာပွဲတစ်ခုဟာတော့ မင်္ဂလာပွဲကို ကမ္ဘာပေါ်တွင် မည်သူမျှမကျင်းပဖူးသေးသည့်ပုံစံဖြင့် ဧည့်ခံခဲ့တာဖြစ်ပါတယ်။ဧည့်သည်များအားလုံးကို နေရာထိုင်ခင်းများဖြင့် ကျနစွာ ဧည့်ခံခဲ့ခြင်းမျိုးမဟုတ်ဘဲ ဇလုံကြီးတစ်လုံးထဲတွင် ခေါက်ဆွဲများထည့်ပေးပြီး ဝိုင်းစားခိုင်းခဲ့တာဖြစ်ပါတယ်။ထိုင်စရာများလည်းမရှိဘဲ အချို့ဧည့်သည်များဟာ ပန်းကန်လုံးလေးဖြင့် ကိုယ်တိုင်ခွဲထည့်ကာ မတ်တပ်ရပ်ပြီး စားသုံးခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment