ညစာထမင္းတစ္နပ္အတြက္ အဆင္မေျပေသးေသာေၾကာင့္ မိုး႐ြာေနသည့္အခ်ိန္တြင္ပင္ အိမ္မျပန္ႏိုင္ဘဲ ဘာဂါမ်ားကို ေရာင္းခ်ေနခဲ့သည့္ သနားစဖြယ္ေကာင္ေလး

လူ႔ဘဝႀကီးထဲကို ေရာက္ရွိလာၿပီဆိုလွ်င္ လူသားတိုင္းသည္ အသက္ရွင္ေနထိုင္ရန္အတြက္ ႐ုန္းကန္လႈပ္ရွားရေပမည္။လူတိုင္းသည္ ႀကိဳးစား႐ုန္းကန္ရသည္မွာမွန္ေသာ္လည္း အခ်ိဳ႕သည္ အလုပ္မ်ားကို ပင္ပန္းဆင္းရဲစြာ လုပ္ကိုင္ေနရၿပီး အခ်ိဳ႕သည္မွာ သက္ေတာင့္သက္သာရွိစြာ လုပ္ကိုင္ႏိုင္ခဲ့ပါတယ္။

ယခုတြင္လည္း ေကာင္ေလးတစ္ဦး၏ ဘဝအတြက္႐ုန္းကန္ေနရမႈသည္ ေလာကႀကီးကိုပင္ တရားမွ်တမႈမရွိဘူးဟု စြပ္စြဲခ်င္သည္။ေကာင္ေလးသည္ ဘဝ၏ဝမ္းစာအတြက္ မီးပြိဳင့္တစ္ခုတြင္ ဘာဂါမ်ားကို လိုက္လံေရာင္းခ်ေနျခင္းပင္ျဖစ္ပါတယ္။မိုးမ်ားသည္းထန္စြာ ႐ြာသြန္းေနေသာ္လည္း ဘာဂါမ်ားမွာ ေရာင္းခ်ရေသးျခင္းမရွိေသာေၾကာင့္ ဝယ္သူမ်ားေပၚလာမလားဆိုသည့္ ေမွ်ာ္လင့္ခ်က္ျဖင့္ မိုး႐ြာထဲတြင္ေစာင့္ဆိုင္းေနခဲ့ရတာျဖစ္ပါတယ္။

Shoon (Cele Daily)

Unicode

ညစာထမင်းတစ်နပ်အတွက် အဆင်မပြေသေးသောကြောင့် မိုးရွာနေသည့်အချိန်တွင်ပင် အိမ်မပြန်နိုင်ဘဲ ဘာဂါများကို ရောင်းချနေခဲ့သည့် သနားစဖွယ်ကောင်လေး

လူ့ဘဝကြီးထဲကို ရောက်ရှိလာပြီဆိုလျှင် လူသားတိုင်းသည် အသက်ရှင်နေထိုင်ရန်အတွက် ရုန်းကန်လှုပ်ရှားရပေမည်။လူတိုင်းသည် ကြိုးစားရုန်းကန်ရသည်မှာမှန်သော်လည်း အချို့သည် အလုပ်များကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရပြီး အချို့သည်မှာ သက်တောင့်သက်သာရှိစွာ လုပ်ကိုင်နိုင်ခဲ့ပါတယ်။

ယခုတွင်လည်း ကောင်လေးတစ်ဦး၏ ဘဝအတွက်ရုန်းကန်နေရမှုသည် လောကကြီးကိုပင် တရားမျှတမှုမရှိဘူးဟု စွပ်စွဲချင်သည်။ကောင်လေးသည် ဘဝ၏ဝမ်းစာအတွက် မီးပွိုင့်တစ်ခုတွင် ဘာဂါများကို လိုက်လံရောင်းချနေခြင်းပင်ဖြစ်ပါတယ်။မိုးများသည်းထန်စွာ ရွာသွန်းနေသော်လည်း ဘာဂါများမှာ ရောင်းချရသေးခြင်းမရှိသောကြောင့် ဝယ်သူများပေါ်လာမလားဆိုသည့် မျှော်လင့်ချက်ဖြင့် မိုးရွာထဲတွင်စောင့်ဆိုင်းနေခဲ့ရတာဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment