Shoon (Cele Daily)
Unicode
ဒေါ်လာ၆.၃သန်းတန် လန်ဘော်ဂီနီကားသစ်ကြီးကို ခိုးယူပြီးမောင်းနှင်ကာ ထွက်ပြေးဖို့ကြိုးစားခဲ့သည့် အသက်၁၄နှစ်အရွယ်ကောင်လေး အဖမ်းခံခဲ့ရ
လူတိုင်းတွင် ဖြစ်ချင်သော ဆန္ဒများရှိနေတတ်ပြီး အားမတန်၍ မာန်လျော့ထားရသည့်အခါများလည်းရှိနေတတ်ကြသည်။လူအများစုတို့သည် အထင်ကြီးခြင်း လေးစားခြင်း များကို ရရှိစေရန်အတွက် တန်ဖိုးကြီးပစ္စည်းများကို အလိုရှိတတ်ကြသည်။အထူးသဖြင့် လူငယ်လူရွယ်များတွင် တန်ဖိုးကြီးလှသော ကား ဆိုင်ကယ်များကို အလိုရှိတတ်ကြသည်။
ယခုတွင်လည်း အမေရိကန်နိုင်ငံ ဖလော်ရီဒါမှ အသက်၁၄နှစ်အရွယ်ကောင်လေးတစ်ဦးဟာ မလိုအပ်သော ဂုဏ်ဒြပ်တို့ကို ရရှိစေရန်အတွက် မလုပ်သင့်သည့်အမှားကို ပြုလုပ်မိခဲ့ပါတယ်။ကောင်လေးဟာ အိမ်တစ်အိမ်၏ရှေ့တွက်ရပ်ထားသော လန်ဘော်ဂီနီ ကားကြီးကို ခိုးယူခဲ့တာပါ။ကားပိုင်ရှင်ဟာလည်း ကားသံကိုကြားသည်နှင့် အပြင်ထွက်ကြည့်ရာ ကောင်လေးကမောင်းပြေးသွားခဲ့ပြီး ချက်ချင်းပင်ပြန်ဖမ်းမိခဲ့သည်ဟု သိရပါတယ်။
Shoon (Cele Daily)