



Shoon (Cele Daily)

Unicode

ကျောင်းသို့ဖုန်းများယူဆောင်လာသည့်တပည့်များကို ကိုယ်တိုင်ဖုန်းရိုက်ခွဲခိုင်းပြီး ဗီဒီယိုရိုက်ကာ သူမ၏ရက်စက်မှုကို ပြသခဲ့သည့်ဆရာမ အများ၏ဝေဖန်မှုကိုခံနေရ

ယခုခေတ်နောက်ပိုင်းတွင် ကလေးသူငယ်များနှင့် ဖုန်းများသည်လည်း ခွဲခြား၍မရနိုင်သော အရာတစ်ခုဖြစ်လာခဲ့သည်။ကလေးသူငယ်များသည် စာပေသင်ကြားရမည့်အချိန်တွင် ဖုန်းများကိုအသုံးပြုခြင်းဟာ ပိုမို့လေ့လာရန်အတွက် သုံးလျှင်အကျိုးထူးနိုင်ပြီး ဆော့ကစားရန်အသုံးပြုခဲ့လျှင် ငယ်စဥ်ကတည်းကပင် ပျက်စီးသွားနိုင်ပါတယ်။

ထို့ကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စာသင်ကျောင်းတစ်ခုဟာ ကျောင်းသားကျောင်းသူများကို ဖုန်းကိုင်ဆောင်ခွင့် ပိတ်ပင်ထားခဲ့ပါတယ်။သို့သော် စည်းကမ်းလိုက်နာခြင်းမရှိဘဲ ဖုန်းယူလာသည့် ကျောင်းသားများကို ဆရာမတစ်ဦးက ကျောင်းသားများကိုယ်တိုင် ဖုန်းအားကြမ်းပြင်ပေါ်ပစ်ချပြီး ခွဲပစ်ရန် အပြစ်ပေးခဲ့ပါတယ်။

ထိုဗီဒီယိုကို မြင်သွားသောအခါ လူအများဟာ အပြင်းအထန်ကန့်ကွက်ကြပြီး အချို့လူအနည်းငယ်ဟာ ဆရာမဖက်မှ ကာကွယ်၍ပြောဆိုနေကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment