



Shoon (Cele Daily)

Unicode

လူအများသည် လမ်းလျှောက်ရာတွင် ခွေးကလေးတွေကိုခေါ်လာတတ်သော်လည်း ဂဏာန်းလေးတွေကို ကြိုးဖြင့်ချည်ပြီး လမ်းအတူတူလျှောက်ရန် ခေါ်လာခဲ့သည့် မိသားစု

လူသားအားလုံးတို့သည် လူ့ဘဝကြီးထဲတွက် အသက်ရှင်နေထိုင်နိုင်ရန်အတွက် အလုပ်များကို ကြိုးစားပြီး ငွေကြေးများကိုလည်း ရှာဖွေနေကြရသည်။ထို့ကြောင့်တစ်ခါတစ်လေတွင် လူသားများဟာလူမှုရေးနှင့် မိမိချစ်နှစ်သက်သူများကို အချိန်ပေးရန်အပြင် မိမိကိုယ်ကိုပင် အချိန်ပေးရန် မေ့လျော့နေတတ်ကြသည်။ကျန်းမာရေးများ မထိခိုက်လာစေရန်အတွက် မိမိကိုယ်ကိုအနားပေးကာ အားကစားပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။

ယခုတွင်လည်း စင်္ကာပူနိုင်ငံမှ မိသားစုတစ်ခုလုံးဟာ မနက်တိုင်းကို ကျန်းမာရေးကောင်းမွန်စေရန်အတွက် လမ်းလျှောက်လေ့ရှိခဲ့ပါတယ်။ထိုသို့လမ်းလျှောက်ရာတွင် လူအများဟာ မိမိတို့ မွေးမြူထားသော ခွေးကလေးများကို ခေါ်လာတတ်သော်လည်း ထိုမိသားစုတစ်ခုလုံးဟာ ဂဏာန်းကောင်လေးများကို ကြိုးဖြင့်ချည်ပြီး ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ဂဏာန်းတို့၏လမ်းလျှောက်ပုံနှင့် အတူတူလမ်းလျှောက်ရန် ခေါ်ဆောင်လာနိုင်တာကိုအလွန်အံသြမိပါတယ်။

Shoon (Cele Daily)

  • Leave a Comment