


Shoon (Cele Daily)

Unicode

သမီးဖြစ်သူဟာ ဖခင်ဖုန်းကိုယူပြီးဆော့ရာ လိုင်းပေါ်မှ ခေါက်ဆွဲပွဲ၁၀၀ကိုမှာယူမိခဲ့သောကြောင့် သန့်ရှင်းရေးနှင့် ကျန်းမာရေးအဖွဲ့များကို အလှူကြီးပေးခွင့်ရသွားသည့် မိသားစု

၂၀ရာစုနောက်ပိုင်းတွင် မွေးဖွားသော ကလေးများဟာ မိမိတို့ခေတ်ကနှင့်မတူကြတော့ပေ။ကလေးများဟာ ငယ်ရွယ်စဥ်တည်းကပင် လက်ကိုင်ဖုန်းများကို ကောင်းမွန်စွာ အသုံးပြုတတ်နေကြပြီဖြစ်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ Jilinမြို့တွင်နေထိုင်သော မိသားစုတစ်ခုမှ သမီးငယ်လေးတစ်ဦးဟာ ဖခင်၏ ဖုန်းကို ယူဆော့ခဲ့ပါတယ်။ထို့နောက်တွင် ခေါက်ဆွဲရောင်းသည့် ပို့ကိုမြင်သွားခဲ့သည်ဟု ထင်မှတ်ရပြီး ခေါက်ဆွဲကို ပွဲ၁၀၀တိတိမှာယူခဲ့ပါတယ်။

သူတို့မိသားစုဟာ တိုက်အမြင့်၁၃ထပ်တွင်နေထိုင်သောကြောင့် ခေါက်ဆွဲလာပို့သူဟာ ပွဲ၁၀၀ကို၈ခေါက်တိတိ တက်လိုက်ဆင်းလိုက်နှင့် ခေါက်ဆွဲများကို ပို့ပေးခဲ့ရပါတယ်။ထို့နောက်မိဘများဟာလည်း မှာယူပြီးသွားပြီဖြစ်သည့်အတွက် ခေါက်ဆွဲများကို သန့်ရှင်းရေးလုပ်သားများနှင့် ကျန်းမာရေးဝန်ထမ်းများထံသို့ သွားရောက်လှူဒါန်းခဲ့ကြသည်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment