



Shoon (Cele Daily)

Unicode

အလုပ်ရှင်သူဋ္ဌေးကို ဖေ့စ်ဘုတ်ခ်တွင် friအပ်ထားရာ ၂ရက်ထိစောင့်သော်လည်း လက်မခံသဖြင့် နေအိမ်သို့သွားရောက်ကာ ရန်ရှာခဲ့သည့်အမျိုးသား အဖမ်းခံရ

၂၁ရာစုထဲတွင် နည်းပညာများသည်လည်း ဘဝ၏အစိတ်အပိုင်းတစ်ခုအနေဖြင့် အရေးပါလာသည်ကို တွေ့ရှိနေခဲ့ရပါတယ်။သို့သော်လည်း ကျယ်ပြန့်လာသော နည်းပညာကြောင့်ပင် တစ်ဦးနှင့်တစ်ဦး အဆင်မပြေဖြစ်သည့်အခါမျိုးကိုလည်း ကြုံတွေ့ရတတ်ပေသည်။

ယခုတွင်လည်း အမေရိကန်နိုင်ငံမှ North Dakotaဆိုသည့် အမျိုးသားဟာ သူ၏အလုပ်ရှင် သူဋ္ဌေးဟောင်းထံသို့ ဖေ့စ်ဘုတ်ခ်မှတစ်ဆင့် friအပ်ခဲ့ပါတယ်။သူဟာ အလုပ်ရှင်ထံမှ အလုပ်ထွက်ခဲ့သည်မှာလည်း မကြာသေးဘူးဟု သိရပါတယ်။

ထိုအမျိုးသားဟာ friအပ်ပြီး ၂ရက်ကြာသော်လည်း ဘာမှတုံပြန်လာခြင်းမရှိသည့်အတွက် ဒေါသထွက်ကာ သူဋ္ဌေး၏နေအိမ်သို့သွားရောက်ပြီး ရန်ရှာခဲ့ပါတယ်။ထို့ကြောင့် အမျိုးသားဟာ ရဲများ၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဒေါ်လာ၂၅၀၀၀ပေးဆောင်ခဲ့ရပြီး အမှုကိုလည်း ထပ်မံရင်ဆိုင်ရမည်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment