



Shoon (Cele Daily)

Unicode

မွေးရာပါခြေထောက်နှစ်ဖက်လုံးမရှိသော်လည်း လေးစားဖွယ်စိတ်ဓာတ်ဖြင့် မြစ်ချောင်းတစ်လျောက်တွင် အမှိုက်များကိုဆယ်ယူကာ ကုသိုလ်ပြုနေသည့် အဖိုးအို

မွန်မြတ်သော စိတ်ထားဟူသည်မှာ ငွေကြေးဖြင့်တိုင်းတာ၍မရနိုင်သောအရာပင်ဖြစ်ပေသည်။ယခုခေတ်ကာလတွင် ငွေကြေးချမ်းလာသည်နှင့်အမျှ အနည်းငယ်မောက်မာလာတတ်ကြပေသည်။လူသားများအားလုံးသည် တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကာ စာနာခြင်း သနားခြင်း တို့ဖြင့် လူသားဆန်စွာဖြင့်နေထိုင်လျှင် ကမ္ဘာကြီးသည် အလွန်သာယာလှပနေမည်ဖြစ်ပေသည်။

ယခုတွင်လည်း အိန္ဒိယနိုင်ငံမှ အမျိုးသားတစ်ဦး၏လုပ်ရက်သည် ကမ္ဘာပေါ်တွင် စိတ်ထားအမွန်မြတ်ဆုံးဟုပင် ဆိုရမည်ဖြစ်ပေသည်။ထိုအဖိုးအိုဟာ ငယ်စဥ်ကတည်းကပင် ခြေထောက်နှစ်ဖက်လုံး ပါမလာခဲ့သော်လည်း မြစ်ချောင်းတစ်လျောက်တွင် လှေတစ်စင်းဖြင့် အမှိုက်များ ရေသန့်ဗူးခွံလေးများကို လိုက်လံဆယ်ယူပေးနေခဲ့ပါတယ်။

အဖိုးအိုဟာ လူတွေမဆင်မခြင်ပစ်လိုက်သော အမှိုက်များကြောင့် မြစ်ချောင်း၏ သဘာဝအလှများ မပျောက်ပျက်စေရန်အတွက် နေ့စဥ်လှေကလေးဖြင့် ဆယ်ယူပေးနေခဲ့သည်ဟု သိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment