



Shoon (Cele Daily)

Unicode

အိမ်သန့်ရှင်းရေးလုပ်ရန်ပျင်းသော မမများအတွက် ကောင်လေးချောချောလေးတွေကို ငှားရန်းပြီး အိမ်သန့်ရှင်းရေးလုပ်ခိုင်းနိုင်သည့် ကုမ္ပဏီ

အရှေ့တောင်အာရှဒေသများတွင် နိုင်ငံတိုင်းလိုလိုသည် အိမ်ထောင်ရှင်မိန်းကလေးများကသာ အိမ်မှုကိစ္စများကို ပြုလုပ်တတ်ကြပေသည်။အိမ်မှုကိစ္စများကို ပြုလုပ်ရန် လိုအပ်သော အိမ်ရှင်မများသာမကဘဲ မည်သူမဆို သန့်ရှင်းလုပ်ရန် ငြီးငွေ့သည် အချိန်အခါဆိုတာ ရှိနေတတ်ကြပါတယ်။

အိမ်မှုကိစ္စများကိုလုပ်ရန် ပျင်းရိနေသော မမများအတွက် စင်္ကာပူနိုင်ငံမှ ကုမ္ပဏီတစ်ခုဟာ ဝန်ဆောင်မှုတစ်ခုကို စတင်လက်ခံနေပြီဖြစ်ပါတယ်။မမများအနေဖြင့် အိမ်သန့်ရှင်းလုပ်ရန် ငှားရန်းမည်ဆိုလျှင် ဒေါ်လာ၄၂၀ပေးဆောင်ရမည်ဟုသိရပြီး ကောင်လေးချောချောလေးတွေဟာ လာရောက် သန့်ရှင်းရေးလုပ်ပေးမှာဖြစ်ပါတယ်။

ငှားရန်းလိုက်တဲ့မမများအတွက်တော့ အိမ်လည်းသန့်ရှင်း အပျင်းလည်းပြေစေမှာသေချာပါတယ်။စာဖတ်နေတဲ့မမများအနေဖြင့်လည်း ငှားရန်းချင်တယ်ဆိုရင် စင်္ကာပူနိုင်ငံမှာတော့ အဆင်ပြေနိုင်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment