



Shoon (Cele Daily)

Unicode

ခင်ပွန်းက မိသားစု၏ အနာဂတ်အတွက် တစ်နယ်ရပ်ခြားတွင် သွားရောက်အလုပ်လုပ်နေခဲ့သော်လည်း ဇနီးသည်ဟာ နောက်တစ်ယောက်နှင့်ဖောက်ပြန်ကာ ပို့လာသော ပိုက်ဆံများကိုသုံးဖြုန်းနေခဲ့

အိမ်ထောင်စုတစ်ခုသည် သစ္စာရှိခြင်း အပြန်အလှန်နားလည်မှုပေးနိုင်ခြင်း တို့ဖြင့်ခရီးဆက်နိုင်မှသာလျှင် သာယာသောဘဝလေးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။တရုတ်နိုင်ငံ ဖူကျန်းပြည်နယ်မှ အမျိုးသားတစ်ဦးဟာတော့ သူ၏ဇနီးသည်ကြောင့် အလွန်စိတ်သောကရောက်ခဲ့ရပါတယ်။

ထိုအမျိုးသားဟာ ဇနီးဖြစ်သူနှင့် ပေါင်းသင်လာခဲ့သည်မှာ ၇နှစ်ရှိနေခဲ့ပြီဖြစ်ပြီး ၅နှစ်အရွယ်သမီးတို့ကို ပိုင်ဆိုင်ထာပြီဖြစ်ပါတယ်။ထို့ကြောင့်အမျိုးသားဟာ မိသားစု၏ စားဝတ်နေရေးနှင့် သမီးလေး၏ အနာဂတ်အတွက် တစ်နယ်ရပ်ခြားတွင် သွားရောက်လုပ်ကိုင်ပြီး ပိုက်ဆံများကို ပို့ပေးနေခဲ့ပါတယ်။

သို့သော်လည်း ဇနီးသည်ဟာ ပို့လာသောပိုက်ဆံများကို သုံးဖြုန်းပြီး အခြားတစ်ယောက်နှင့် ဖောက်ပြန်နေခဲ့ပါတယ်။အမျိုးသားဟာ ဖောက်ပြန်သည်ကို အဝေးတွင်ရောက်နေသောကြောင့် မသိခဲ့ရဘဲ ကလေးမွေးဖွားသည့်အချိနိမှသာ သိရှိခဲ့ရတာဟု ဆိုပါတယ်။

Shoon (Cele Daily)

  • Leave a Comment