



Shoon (Cele Daily)

Unicode

ကလေးမွေးဖွားရန် ဆေးရုံသို့အမြန်သွားရောက်ရန်လိုအပ်နေသော ကိုယ်ဝန်ဆောင်မိခင်အတွက် နေအိမ်မှ ဆေးရုံအထိကို ကားလမ်းရှင်းပေးခဲ့သည့် လေးစားဖွယ်ရဲသားတစ်ဦး

ကမ္ဘာကြီးသည် အလွန်ကျယ်ပြောလှသည်နှင့်အညီ လူသားတို့သည်လည်း စိတ်အမျိုးမျိုး ယဥ်ကျေးမှုအမျိုးမျိုးတို့ဖြင့် နေထိုင်နေကြသည်။ကမ္ဘာကြီးတစ်ခုလုံးသည် ယဥ်ကျေးမှုများမတူညီနိုင်သော်လည်း တစ်ဦးနှင့်တစ်ဦးသည် ကောင်းသောအလေ့အကျင့်များကို အပြန်အလှန်လေ့လာကာ အတုယူသင့်ပေသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်မြို့မှ ရဲသားတစ်ဦး၏ လုပ်ရက်သည် အခြားသူများအားလုံးကို လေးစားအားကျပြီး အတုယူသင့်ပေသည်။ထိုရဲသားဟာ ကလေးမွေးဖွားတော့မည့်အချိန်တွင် ဆေးရုံသို့ အရေးပေါ်ရောက်ရန် လိုအပ်နေသော ကိုယ်ဝန်ဆောင်မိခင်၏ ကားကို လမ်းနပိတ်စေရန် ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဟိုချီမင်မြို့ဟာ လူဦးရေထူထပ်သောကြောင့် ကားလမ်းပိတ်လေ့ရှိသည်။ထို့ကြောင့် ရဲသားဟာ ဆေးရုံသို့ အချိန်မီမရောက်မှာကို စိုးရိမ်ကာ ရှေ့မှနေ၍ ကားလမ်းရှင်းပေးခြင်းကို လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment